ယခုလရဲ့ သိန်းတစ်သောင်းခွဲကံထူးရှင်က အဆိုတော် G Fatt ရဲ့ အမာခံပရိသတ်ဖြစ်နေ

စက်တင်ဘာလ (၁) ရက်နေ့ မှာ ထွက်ရှိတဲ့ အောင်ဘာလေထီရဲ့ အမြင့်ဆုံးဆုကို ရွှေမြန်မာချစ်ကြည်ရေးနှင့်ကမ္ဘာသစ် ထီဆိုင်ကနေ ပ- ၃၀၇၆၆၆ နံပါတ်နဲ့ သိန်းတစ်သောင်းခွဲဆုပေါက်သွားတာဖြစ်ပါတယ်။ ကံထူးရှင်မှာ မရမ်းကုန်းမြို့နယ်၊ သရက်မြိုင်ရဲရိပ်သာမှာ နေထိုင်တဲ့ အသက် ၂၅ နှစ် အရွယ် မယမင်းစံဆိုသူဖြစ်ပါတယ်။

အဆိုပါ သိန်းတစ်သောင်းခွဲ ကံထူးရှင် မယမင်းစံကတော့ အဆိုတော် G Fatt ရဲ့ ပရိသတ်တွေထဲက တစ်ဦးဖြစ်လို့နေပါတယ်။ G Fatt ကိုယ်တိုင်ကလည်း ကံကောင်းမှုတွေ ပိုင်ဆိုင်ခဲ့တဲ့ ပရိသတ်အတွက် ဝမ်းသာပီတိစကားဆိုလာပါတယ်။ ” Wow Wow Wow ဒီလရဲ့ ထီ သိန်းတစ်သောင်းခွဲ ဆုရှင်ဟာ ကျွန်တော့် WLGF ထဲကလို့သိရပါတယ်။ အရမ်းပျော် အရမ်းဂုဏ်ယူပါတယ် ဗျာ။ သွေးမတော်သားမစပ် ကျွန်တော်တောင် ဒီလောက်ပျော်နေရင် ကာယကံရှင် မိသားစုဆို ဘယ်လောက်တောင် ပျော်နေမလဲဗျာ။

ကုသိုလ်ကောင်မှုတွေ အများကြီး လုပ်နိုင်ပြီး မိဘကိုလိုလေးသေးမရှိ ထားနိုင်ပါစေကွယ် ကိုကြီးကိုလည်း အများကြီးချစ်နိုင်ပါစေ။ ကဲနောက်လ သိန်းတစ်သောင်းခွဲဆုရှင်က Fan တွေထဲကပဲထပ်ဖြစ်မလား။ ကျွန်တော်ကိုယ်တိုင်ပဲ ဖြစ်မလား ရင်ခုန်နေပါပြီ” ဆိုပြီးတော့ စက်တင်ဘာလ ၁ ရက်နေ့ ညနေ ၅ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားခဲ့တာဖြစ်ပါတယ်။

  • Mg Kaung

Leave a Reply

Your email address will not be published.