အဆိုတော်နီနီခင်ဇော်ကတော့ “Hope” (မျှော်လင့်ခြင်း)အမည်ရှိ တေးသီချင်း တစ်ပုဒ်ကို ၎င်းရဲ့ အသက်(၂၉)နှစ်ပြည့်မွေးနေ့မှာပရိသတ်တွေနားဆင်လို့ရအောင် ဆိုရှယ်မီဒီယာကနေတဆင့်မျှဝေပေးခဲ့ပတယ်။




ကိုရီးယားနိုင်ငံမှ Music Producer များဖြစ်တဲ့ Alpha Music(Korea) မှ K.Minwoo နဲ့အတူ အဆိုတော်နီနီခင်ဇော်တို့ရေးထားတဲ့အဆိုပါတေးသီချင်း ကို ပရိသတ်များအတွက် သူ့ရဲ့ Official YouTube Channel နှင့် Facebook Page မှာတင်ပေးခဲ့ခြင်းဖြစ်ပြီး အဆိုပါသီချင်းကို Korea Music Platformများ နဲ့ International Music Platform များ ၊ Local Music Platform များမှာ နားဆင်နိုင်မှာဖြစ်ကြောင်း သိရပါတယ်။“ကျွန်မအားငယ်နေတိုင်း ကိုယ့်ကိုယ်ကိုယ် ထွေးပွေ့ထားနိုင်ဖို့ ကျွန်မမှာ လက် အစုံရှိခဲ့တယ်။ လဲကျတဲ့အချိန်တိုင်းပြန်ထဖို့ခြေအစုံပိုင်ဆိုင်ထားတယ်။ အခက်အခဲတွေကိုရင်ဆိုင်နိုင်ဖို့အဆင်ပြေသွားမှာပါဆိုတဲ့အားပေးစကားပြောပေးဖို့ကိုယ့်အတွက် ကိုယ်ကိုယ်ကိုယ်တိုင်ရှိတယ်။ ဟိုးတိမ်လွှာတွေအထိ ပျံသန်းနိုင်ဖို့ ပရိသတ်ခွန်အားတွေနဲ့ တစ်စ တစ်စစီပြုလုပ်ထားတဲ့အတောင်အစုံရှိခဲ့တယ်။ ကိုယ့်အတွက်ကိုယ်ကိုယ်တိုင် ” ရှိတယ်။




ယနေ့အချိန်အထိကောင်းရာတွေကိုသင်ပြပေးခဲ့တဲ့၊ တည့်မတ်ပေးခဲ့တဲ့ မိဘ၊ ဆရာသမား၊ သူငယ်ချင်းများ၊ ပရိသတ်များကိုကျေးဇူးတင်ပါ တယ်’ဟု အဆိုတော် နီနီခင်ဇော်က သူမရဲ့ လူမှုကွန်ရက်စာမျက်နှာမှာရေးသားထားပါတယ်။ဒါ့အပြင်ဩဂုတ် ၃၁ရက်နံနက်ပိုင်းကလည်း သရုပ်ဆောင် ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာသို့ သွားရောက်ပြီး မိဘ မဲ့ကလေးများအတွက် လိုအပ်သည်များ သွားရောက် လှူဒါန်းပေးခဲ့ကြောင်း သိရပါတယ်။
- Mg Kaung