ကိုဗစ်ကာလမှာ ချမ်းသာသွားပြီဆိုတာ မဟုတ်ပါဘူးလို့ပြောလာတဲ့ ခိုင်သင်းကြည်

သရုပ်ဆောင် အကယ်ဒမီခိုင်သင်းကြည်ကတော့ ပြည်သူချစ် အနုပညာရှင်တစ်ဦးဖြစ်သလို ရုပ်ရှင်လောကမှာ နှစ်ပေါင်းများစွာရပ်တည်လာတဲ့ ဝါရင်သရပ်ဆောင်တစ်ဦးလည်းဖြစ်ပါတယ်။

ယခုကိုဗစ်ကာလမှာတော့ အနုပညာလုပ်ငန်းတွေကို ရပ်နားထားရတာဖြစ်ပြီး ခိုင်သင်းကြည်အနေနဲ့ ခင်ပွန်းဖြစ်သူရဲ့ အထည်ချုပ်လုပ်ငန်းကို ကူညီပေးလျှက်ရှိတာပါ လွန်ခဲ့တဲ့လပိုင်းကပဲ ခိုင်သင်းကြည်တို့စက်ရုံဟာ ဒိန်းမတ်နိုင်ငံ ကနေ Mask ချုပ်လုပ်ရန် Project လက်ခံရရှိခဲ့တာကြောင့် အရမ်းချမ်းသာသွားပြီလို့ ပြောဆိုမှုတွေရှိလာခဲ့တာဖြစ်ပါတယ်။ဒီအကြောင်းကို ခိုင်သင်းကြည်က “Mask တွေ ချုပ်ရလို့ အဲ့လောက် ချမ်းသာမလား၊ အဓိကက အလုပ်သမားတွေ လုပ်အားခရဖို့၊ မြတ်တဲ့အခါလည်း မြတ်မယ်၊ ရှုံးတဲ့ဟာနဲ့ ပြန်ချေရတာလည်းရှိမယ်” ကိုဗစ်ကာလမှာ ချမ်းသာသွားပြီလို့ ပြောနေကြတဲ့အပေါ် ရှင်းပြလာခဲ့တာဖြစ်ပါတယ်။

ဆက်လက်ပြီးခိုင်သင်းကြည်က “အဓိကက စက်ရုံအလုပ်သမားတွေကိုလစာပေးနိုင်ဖို့နဲ့ အလုပ်တွေလည်ပတ်နိုင်ဖို့ပါပဲ ကိုဗစ်ကာလမှာဘယ်လိုလုပ်ချမ်းသာနိုင်ပါ့မလဲ ဒီလရှုံး နောက်လမြတ်နဲ့ပဲလည်ပတ်နေရတာပါ ” လို့ ပြောပြသွားခဲ့တာဖြစ်ပါတယ်။

  • Mg Kaung

Leave a Reply

Your email address will not be published.