ချစ်သူကို လုပ်ငန်းရှင်ဖြစ်နေလို့ဆိုပြီးရွေးချယ်ခဲ့တာမဟုတ်ဘူးလို့ပြောလာတဲ့ အေးဝတ်ရည်သောင်း

ယခုရက်ပိုင်းမှာတော့ သရုပ်ဆောင်အေးဝတ်ရည်သောင်းဟာ သူမရဲ့ ချစ်သူကိုတရားဝင်ချပြလာခဲ့တာဖြစ်ပြီး ပရိသတ်တွေကလည်း လိုက်ဖက်တဲ့စုံတွဲလေးအဖြစ် ဝိုင်းဝန်းပြောဆိုနေကြတာပါ။ချစ်သူကို ချပြဖြစ်ခဲ့ပုံကို မအေးသောင်းက “Facebook မှာ တစ်ခါမှ ချစ်သူ ပုံ ချမပြခဲ့ဖူးဘူး။ ချစ်သူ ရဲ့ မွေးနေ့မှာ Surprise လုပ်ပေးချင်လို့ စုံတွဲ ပုံလေး တင်လိုက်တာပါ။

သူကိုယ်တိုင်လည်း Surprise ဖြစ်သွားတယ်။ ယောက်ျားတစ်ယောက်ကို ရွေးချယ်ရင် သစ္စာတရား ကို အဓိကထားပါတယ်။ အကောင်းဆုံးဖြစ်မယ့် သူကို ရွေးချယ်ခဲ့တာပါ” လို့ပြောပြလာခဲ့တာဖြစ်ပါတယ်။နာမည်ကျော်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကို ချစ်သူအဖြစ်ရွေးချယ်ဖြစ်ခဲ့ပုံကိုလည်း ” စီးပွားရေးလုပ်ငန်းရှင်ရယ်လို့ရွေးချယ်ခဲ့တာတော့ မဟုတ်ဘူး။ အစ်မခံယူထားတာက ယောကျာ်းလေးတစ်ယောက်က ကိုယ့်ကိုနားလည်ရမယ်။ သစ္စာရှိရမယ်။ အစ်မရဲ့ အလုပ်အပေါ်မှာ နားလည်မှုရှိရမယ်။ သူ့အလုပ်ကိုလည်း အစ်မနားလည်လို့ရတယ်ဆိုတော့ အများကြီးပါပဲ။

တစ်ယောက်ကို တစ်ယောက်ချစ်တာတွေရော ပေါင်းစပ်ပြီးရွေးချယ်ဖြစ်ခဲ့တာပါ ” လို့လည်းရှင်းပြသွားခဲ့ပါသေးတယ်။အေးဝတ်ရည်သောင်းကတော့ အချိန်အတန်ကြာထုတ်ဖော်မပြခဲ့တဲ့ ချစ်သူကို အခုမှဖော်ပြလာခဲ့တာဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးထောက်ခံမှုကိုလည်းရရှိနေတာဖြစ်ပါတယ်။

  • Mg Kaung

Leave a Reply

Your email address will not be published.