ဂရုစိုက်ပေးတတ်တဲ့ ချစ်သူကောင်မလေးကြောင့် ပြုံးပျော်ရွှင်နေခဲ့တဲ့ နက္ခတ်

မင်းသားချောလေးနက္ခတ်ကတော့ MRTV 4 ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်‌နေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့သူလေးပဲ ဖြစ်ပါတယ်။ ပါဝင်သရုပ်ဆောင်တဲ့ ဇာတ်ကားတိုင်းကို အကောင်းဆုံးသရုပ်ဆောင်လျက်ရှိနေတဲ့ နက္ခတ်ကတော့ ကြော်ငြာတွေကိုလည်း ရိုက်ကူးလျက်ရှိနေပါတယ်။

ချစ်ရတဲ့ ချစ်သူကောင်မလေးကို ပရိသတ်တွေရှေ့မကြာခဏ ချပြတတ်သူဖြစ်ပါတယ်။ နက္ခတ်တို့ စုံတွဲလေးကတော့ အချိန်အတော်ကြာလက်တွဲလာတဲ့ ချစ်သူစုံတွဲလေးပဲ ဖြစ်ပါတယ်။ ဘေးနားကနေ အမြဲပံ့ပိုးပေးနေပြီး သေသေချချာဂရုစိုက်တတ်တဲ့ ချစ်သူကောင်မလေးကြောင့်အမြဲပျော်ရွှင်နေရပါတယ်။ နက္ခတ်တို့ စုံတွဲလေးရဲ့ ပျော်ရွှင်နေကြတဲ့ ချစ်စရာပုံရိပ်လေးတွေဟာ ပရိသတ်တွေကို အချစ်တွေပိုစေခဲ့တာပဲ ဖြစ်ပါတယ်။

” သဘာဝအလှတရားတွေရှိတဲ့ နေရာလေးမှာ ပကာသနတွေ၊ဟန်ဆောင်မှုတွေ၊ ပူလောင်မှုတွေ မရှိဘဲ အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင် နေခဲ့ရတဲ့ နေ့လေးတစ်နေ့ ” ဆိုပြီး ကြည်နူးစရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေနဲ့အတူ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲ ဖြစ်ပါတယ်။ Celepedia ပရိသတ်တွေအတွက် ပျော်ရွှင်နေကြတဲ့ နက္ခတ်တို့ စုံတွဲလေးရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

source : Nat Khat ‘s facebook acc

Leave a Reply

Your email address will not be published.