မကြာခင် ကျင်းပမယ့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအတွက် မဲပေးရမယ့်အပေါ် သရုပ်ဆောင် နေယံက ကိုယ်ယုံကြည်တဲ့ ခေါင်းဆောင်အတွက် နိုင်ငံသားတစ်ယောက်အနေနဲ့ ကိုယ်တတ်နိုင်တဲ့ နေရာကနေ ပါဝင်သွားမယ်လို့ ဆိုပါတယ်။“မဲရုံတွေမှာလည်း သွားစစ်ပြီးပြီ။ နာမည်လည်း ပါတယ်။ မှားနေတာလည်း ရှိတယ်။ သဲကုန်းမြို့နယ်က သကန (နိုင်) နဲ့ သတန (နိုင်) တနဲ့ ကကြီး မှားနေတာလေး ပြောထားတယ်။ သူတို့ကလည်း ပြင်ပေးမယ်ပြောပါတယ်။



နိုင်ငံသားတစ်ယောက် အနေနဲ့ ကိုယ်ချစ်တဲ့ ခေါင်းဆောင်ကို တင်မြှောက်ဖို့ ကိုယ်တတ်နိုင်တဲ့ တစ်ထောင့်တစ်နေရာကနေ ပါဝင်ခွင့်ရချင်တယ်။ ပါဝင်ခွင့်ရအောင်လည်း လုပ်တယ်”။အရင်တုန်းက မဲဆွယ်စည်းရုံးပေးတာတွေ ရှိပေမယ့် အခုတော့ မဲဆွယ် စည်းရုံးပေးတာ မရှိဘူးလို့ ဆိုပါတယ်။“မဲဆွယ် စည်းရုံးပေးတာတော့ အခု မရှိပါဘူး။ ၂၀၁၅ တုန်းကတော့ အထက်မြန်မာပြည်ဘက်ကို ဒေါင်းရယ်၊ ကျနော်ရယ်၊ ဝင့်ယမုံနိုင်ရယ်၊ သီချင်းတွေ သွားရောက် ဖျော်ဖြေဖူးတယ်။ အဲ့ဒါလောက်ပါပဲ။ ၂၀၁၅ လောက်တုန်းက ကြုံခဲ့ဖူးပါတယ်။ အဲ့ဒါကလည်း ကိုယ့်အကြောင်းတရားတွေနဲ့ ကိုယ်ပါ။ ကိုယ်လုပ်ချင်မှ ဖြစ်တာမျိုးတွေပါ”လို့ နေယံက ပြောပါတယ်။




“မဲဆွယ် စည်းရုံးတာ၊ မစည်းရုံးတာထက် ကိုယ်ယုံကြည်တဲ့ ခေါင်းဆောင်တယောက်ကို ကိုယ်တတ်နိုင်တဲ့ နေရာက Facebook Profile ချိန်းတာတွေ ရှိမယ်။ မဲစာရင်းစစ်ဖို့ ပြောပေးတာမျိုးလောက်ပဲ ရှိတယ်။ ကိုယ့်ယုံကြည့်ချက်နဲ့ကိုယ် ရပ်တည်ပြီး ဆုံးဖြတ်ပြီး မဲပေးကြပါ”လို့ နေယံက ဆက်လက် ပြောခဲ့ပါတယ်။သရုပ်ဆောင် နေယံကတော့ ယခင်က မြန်မာ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေ၊ ကြော်ငြာတွေမှာ ပါဝင် သရုပ်ဆောင်ခဲ့သူ ဖြစ်ပြီး ယခုအခါမှာတော့ ကိုယ်ပိုင် စီးပွားရေးအဖြစ် ဖက်ရှင် ဆိုင်ဖွင့်ကာ ပရိသတ် အားပေးမှု ရရှိထားသူ ဖြစ်ပါတယ်။
- Mg Kaung