ဇာတ်ကားအရိုက်ကျဲလို့ သီချင်းဆိုတဲ့ဘက်ကိုပိုအားစိုက်ဖြစ်နေတဲ့ ဇွဲနိုင်ဝင်း

သရုပ်ဆောင် ဇွဲနိုင်ဝင်းဟာ လက်ရှိမှာ သီချင်းအသစ်လေးတွေလုပ်နေတာကို တွေ့ရပါတယ်။ သူ့အနေနဲ့ ဇာတ်ကားရိုက်ကူးရေးတွေ နားထားတဲ့ အချိန်မှာ ဂီတအလုပ်တွေကို ဦးစားပေးလုပ်ကိုင်လာတဲ့ အပေါ်အခုလို ပြောပြလာပါတယ်။ ” ကျွန်တော်က သရုပ်ဆောင် ဘက်ကိုရော၊ ဂီတဘက်ကိုရော အရင်တုန်းကတည်းက မျှမျှတတလုပ်ခဲ့ပါတယ်။

လုပ်ခွင့်ရတဲ့ နေရာကနေ လုပ်ခွင့်ရသလောက်လေးတွေ ကျွန်တော် လုပ်တယ်။ အဓိက ကတော့ ပရိသတ်မျက်စိအရှေ့က မပျောက်သွားအောင် ကျွန်တော်ရတဲ့ နေရာလေးကနေ အကောင်းဆုံး ကြိုးစားနေပါတယ်” လို့ သူကဆိုပါတယ်။ ဇွဲနိုင်ဝင်းကတော့ အခုနောက်ပိုင်းဇာတ်ကားရိုက်ကူးရေး နည်းလာတယ်လို့ သိရပါတယ်။ သရုပ်ဆောင်ဘက်မှာ အခွင့်အရေးနည်းပေမယ့်လည်း သီချင်းတွေတော့ ဆိုဖြစ်နေသေးတယ်လို့ပြောပါတယ်။

” သရုပ်ဆောင်အလုပ်ကတော့ ခေါ်တဲ့ သူရှိရင်တော့ ကျွန်တော် ဇာတ်ကားရိုက်ရမှာပေါ့ဗျာ။ အခု သီချင်းတွေ ဆိုနေတာကလည်း လာလုပ်ခိုင်းတဲ့ အစ်ကိုတွေက သီချင်းတွေ ဆိုဖို့ တိုက်တွန်းတယ်။ ပြီးတော့ ကျွန်တော့် စိတ်တိုင်းကျ လုပ်ခွင့်ပေးထားတယ်။ အခုဆိုရင်လည်း ကျွန်တော့်ရဲ့ Music Video အသစ်အတွက် မေကဗျာနဲ့ ရိုက်ကူးရေးလုပ်ထားတယ်” လို့ ဆက်လက် ပြောပြသွားခဲ့ပါတယ်။

  • Mg Kaung

Leave a Reply

Your email address will not be published.