Black Panther မင်းသား Chadwick Boseman ကင်ဆာရောဂါ နဲ့ ကွယ်လွန်သွားပြီဖြစ်

Marvel ရုပ်ရှင်တွေထဲမှာ Black Panther အဖြစ် သရုပ်ဆောင်ခဲ့သူ၊ ကမ္ဘာကျော် လူမည်းဇာတ်ကောင်Jackie Robinson နဲ့ James Brown တို့နေရာမှာ သရုပ်ဆောင်ခဲ့သူ မင်းသား Chadwick Boseman ဟာကင်ဆာရောဂါနဲ့ ဩဂုတ်လ ၂၈ ရက်နေ့မှာ ကွယ်လွန်သွားပြီဖြစ်ကြောင်း သူ့ရဲ့ ကိုယ်စားလှယ်ကပြောဆိုခဲ့ပါတယ်။

?????????????????????????????????????????
Mandatory Credit: Photo by John Salangsang/REX/Shutterstock (9446189lt) Chadwick Boseman Vanity Fair Oscar Party, Arrivals, Los Angeles, USA – 04 Mar 2018

သူဟာ ကွယ်လွန်ချိန်မှာ အသက် ၄၃ နှစ်ရှိပြီ ဖြစ်ပါတယ်။ မင်းသား Boseman ဟာ လော့စ်အင်ဂျလိစ်မှာရှိတဲ့ သူ့ရဲ့ နေအိမ်မှာပဲ ကွယ်လွန်ခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာ ဇနီးနဲ့ မိသားစုတွေလည်း ဘေးမှာရှိခဲ့တယ်လို့ သူ့ရဲ့ ပြန်ကြားရေးတာဝန်ခံ Nicki Fioravante က ပြောပါတယ်။မင်းသား Boseman ဟာ ကင်ဆာရောဂါကို လွန်ခဲ့တဲ့ ၄ နှစ်လောက်ကတည်းက ခံစားနေခဲ့ရတာဖြစ်တယ်လို့ သူ့မိသားစုက ထုတ်ပြန်ချက်ထဲမှာ ပြောဆိုထားပါတယ်။သူ့ရဲ့ မိသားစုက “စစ်မှန်တဲ့ ဖိုက်တာ တစ်ယောက်ဖြစ်တဲ့ Chadwick ဟာ အားလုံးကို ဇွဲနဲ့ဖြတ်သန်းခဲ့ပြီးခင်ဗျားတို့တွေ သိပ်နှစ်သက်သဘောကျရတဲ့ ရုပ်ရှင်တော်တော်များများကိုလည်း ရိုက်ကူးခဲ့ပါတယ်”“Marshall” ကနေ “Da 5 Bloods” အထိ၊ August Wilson ရဲ့ “Black Bottom” အထိ ရုပ်ရှင်တွေကို မရေအတွက်နိုင်တဲ့ ခွဲစိတ်မှုတွေနဲ့ ဆေးသွင်းမှုတွေအတွင်းမှာ ရိုက်ကူးခဲ့ရတာဖြစ်ပါတယ်။ Black Panther ထဲမှာ ဘုရင်ကြီး T’Challa အဖြစ် သူလုပ်နိုင်ခဲ့တာကို ဂုဏ်ယူနေခဲ့ပါတယ်”လို့ ထုတ်ပြန်ချက်ထဲမှာပြောဆိုထားပါတယ်။

မင်းသားဟာ သူကင်ဆာရောဂါ ခံစားနေခဲ့ရကြောင်း လူသိရှင်ကြားထုတ်ပြောခဲ့တာမျိုး မရှိခဲ့ပါဘူး။သရုပ်ဆောင် ၊ ဒါရိုက်တာ Jordan Peele က “ဒါဟာ ထိခိုက်ဖို့ကောင်းတဲ့ ရိုက်ခတ်မှု ဖြစ်ပါတယ်”လို့ Twitter မှာ ပြောဆိုခဲ့ပါတယ်။ ဆိုရှယ်မီဒီယာပေါ်မှာလည်း သရုပ်ဆောင်တော်တော်များများက မင်းသားရဲ့ကွယ်လွန်မှုအတွက် စိတ်မကောင်းဖြစ်မိတဲ့ အကြောင်း ပြောဆိုနေကြပါတယ်။

  • Mg Kaung

Leave a Reply

Your email address will not be published.