ကိုဗစ်ကြောင့် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေအထိနာခဲ့ရကြောင်းပြောပြလာတဲ့ လွင်မိုး

လွင်မိုးဟာ အနုပညာလောကမှာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ အနုပညာသက်တမ်းကတော့ နှစ်ပေါင်း ၄၀ ကျော်ရှိနေပြီဖြစ်ပါတယ်။ သရုပ်ဆောင်လွင်မိုးဟာ အခုချိန်မှာတော့ သူ့ရဲ့ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတွေကို ဦးဆောင်လုပ်ကိုင်နေတာ တွေ့ရပါတယ်။ ၂၀၂၀ ခုနှစ် မတ်လ မှစပြီး ဖြစ်ပေါ်ခဲ့တဲ့ COVID-19 ကူးစက်ရောဂါ အခြေအနေတွေကြောင့် စီးပွားရေး ထိခိုက်သွားရတာတွေရှိတယ်လို့ပြောပြလာပါတယ်။

“ ပန်းခင်းကိုတော့ ဒီ့ထက် နည်းနည်းအေးတဲ့ နေရာတစ်နေရာကို ထပ်ရွှေ့ထားပါတယ်။ ထပ်ပြီးတော့ စိုက်နေပါပြီ။ ပထမဆုံး Lockdown စချတော့ ကျွန်တော်က ဧပြီ (၂၁) ရက်နေ့အတွက် ချိန် ပြီးတော့ စိုက်ထားတာလေ။ အဲဒီမှာ Lockdown နဲ့ဆိုတော့ အလျင်မမီတော့ မသယ်နိုင်တော့တာ။ အဲဒီအချိန်မှာ အခင်းထဲမှာပဲ ပန်းတွေက အကုန်ပွင့်သွားတာ ။ ပွင့်လိုက်ရင် ကျွန်တော်တို့က ပါကင်ထုတ်လို့မရတော့ဘူး။ အဲဒီလို အဖြစ်တွေနဲ့ ဆုံးရှုံးသွားရတာပဲ” ဆိုပြီးတော့ပြောပြလာတာပါ။

“ အခုဆို ဒုက္ခတွေရောက်ကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ အကုန်လုံးအတူတူ ဖြစ်ကြတာ ဖြစ်တဲ့ အတွက် လူတွေက နေလို့ထိုင်လို့ရတယ်၊ သက်သာတယ်။ တစ်ယောက်တည်းသာ ဖြစ်ကြည့် ဘယ်လောက် ဆိုးမလဲ။ အများနဲ့ဖြစ်တော့ အစ်ကိုတို့လည်း မတတ်နိုင်ဘူး။ အခုလို ဖြစ်လာမယ်ဆိုတာ မသိနိုင်ဘူးလေ။ သိမှတော့ ရုပ်ရှင်ရုံတွေလည်း ဘယ်လိုလုပ် ဆောက်ဖြစ်မလဲ” လို့လည်း ဆက်လက် ပြောပြသွားခဲ့ပါတယ်။

  • Mg Kaung

Leave a Reply

Your email address will not be published.