ဖြူဖြူထွေးနဲ့ မျက်နှာချင်းဆိုင်ရှင်းမယ်ဆိုတဲ့ မင်းခန့်ကျော်

မင်းခန့်ကျော်ကို ဖြူဖြူထွေးက သူမ နာမည်တပ်ပြီး အင်တာဗျူးတွေမှာ ဝေဖန်နေတဲ့အပေါ် ရုပ်ရှင်အစည်းအရုံးကိုတိုင်ကြားခဲ့တဲ့အတွက် သွားရောက် ဖြေရှင်းခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီလို ဖြေရှင်းပြီးနောက်မှာတော့ မင်းခန့်ကျော်က ဖြူဖြူထွေးနဲ့ မျက်နှာချင်းဆိုင် ဖြေရှင်းဖို့လိုအပ်တဲ့အကြောင်း ရုပ်ရှင်အစည်းအရုံးမှာ ပြောကြားခဲ့တာပါ။

ကျွန်တော်တို့ နှစ်ယောက်ကို လူကြီးတွေကတော့ ထိပ်တိုက်တွေ့ပေးမယ်ပေါ့။ ထိပ်တိုက်တွေ့ပေးမှ ဒီပြဿနာကလည်း ရှင်းမယ်။ ဖြူဖြူထွေး မှားတဲ့ အပိုင်းကိုလည်း အစည်းအရုံးမှာ ပြန်တောင်းပန် ကျွန်တော်လည်း ကျွန်တော်တင်ခဲ့တဲ့ အရာပေါ်မှာ ပြန်ရုတ်သိမ်းပေးမယ်။ ဘာလို့ဆို ကျွန်တော်က ဒီလောကသားနဲ့ တိုက်ခိုက်တာဖြစ်တဲ့အတွက် အစည်းအရုံးနဲ့ မကင်းဘူး။ ကျွန်တော်က ဖြူဖြူထွေးကိုတိုက်ခိုက်နေတာမဟုတ်ဘူး။ ကျွန်တော့် လောကသားတွေအတွက် ၊ အမှန်တရားအတွက်တိုက်ခိုက်နေတာ။ သူ့ကိုမှီပြီး attention ယူနေတာမဟုတ်ဘူး။ အဲ့ဒီလို attention ယူရအောင်လည်း ( ကန်တော့ပါရဲ့ ) စောက်ကြောင်းတစ်စက်မှမရှိဘူး ” လို့ မင်းခန့်ကျော်ကပြောပြသွားခဲ့ပါတယ်။

မင်းခန့်ကျော်ကတော့တစ်ချိန်က သရုပ်ဆောင်တစ်ဦးဖြစ်သလိုလက်ရှိမှာ ဒါရိုက်တာတစ်ဦးအဖြစ်လုပ်ကိုင်နေသူပါ။ သူ့ကိုတော့ အရင်က ပရိသတ်တွေ သိပ်သတိမထားမိပေမယ့်လည်း လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဖြူဖြူထွေးရဲ့ ရပ်တည်ချက်နဲ့ပတ်သက်ပြီးဝေဖန်ပြောဆိုရာကနေ လူသိများလာခဲ့တာလည်းဖြစ်ပါတယ်။

  • Mg Kaung

Leave a Reply

Your email address will not be published.