မြန်မာအိုင်ဒေါ ပြိုင်ပွဲဝင်ဟောင်း နေလင်းကျော် ဓမ္မတာနဲ့ ဆန့်ကျင်ပြီး လိင်ဆက်ဆံခြင်းကြောင့် ဖမ်းဆီးခံထားရ

ပြည်တွင်းနာမည်ကြီး အဆိုပြိုင်ပွဲတစ်ခုမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပရိတ်သတ်လက်ခံအားပေးမှု အတိုင်းအတာ တစ်ခုထိရရှိထားတဲ့ လူငယ်အဆိုတော်တစ်ဦးကို ပုဒ် မ ၃၇၇ နဲ့ ဩဂုတ် ၂၅ ရက်က ဖမ်းဆီးထားတယ်လို့သတင်းတွေထွက်ပေါ်ခဲ့တာပါ။ အဲ့ဒီလိုသတင်းတွေထွက်ပေါ်လာပြီးနောက်မှာတော့ အဆိုပါ ဖမ်းဆီးခံထားရသူဟာ တေးသံရှင် နေလင်းကျော်ဖြစ်တယ်လို့ သတင်းတွေအကျယ်တဝင့်ထပ်မံထွက်ပေါ်လာခဲ့ပါတယ်။

လူမှူကွန်ရက်စာမျက်နှာမှာ အနုပညာရှင်တွေရဲ့အတွင်းရေးသတင်းတွေကိုဖော်ထုတ်လေ့ရှိတဲ့ ဟန်ငြိမ်းဦးကလည်း သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ “မြန်မာအိုင်ဒေါပြိုင်ပွဲဝင် နေလင်းကျော် အဖမ်းခံရတဲ့ သတင်းကအမှန်ပါ။ ပုဒ်မ ၃၇၇ နဲ့သူ့အမျိုးသမီးကို ဓမ္မတာနဲ့ဆန့်ကျင်ပီးလုပ်တဲ့ပြစ်မှုပါ။ သူအပေါ်အရမ်းချစ်ပီး အရမ်း ကောင်းတဲ့ အမျိုးသမီးကိုမှ လုပ်ရက်တော့ ကံကြီးထိုက်တာပဲ ထင်တယ်။ သူနာမည်ပျက်မှာဆိုးလို့ သူ့အမျိုးသမီးက လက်ထပ်ထားတယ်ဆိုတာတောင် ဘယ်သူမှမပြောရက်ဘူးလက်ထပ်ထားတာ ငါးနှစ်နီးပါ ရှိပြီလို့သိရတယ်။ လက်ထပ်ထားတာကို လူသိမခံချင်တဲ့အပြင် တခြားအမျိုးသမီးတွေနဲ့ ဖောက်ပြန်တော့ ခံရပြီပေါ့။ လက်ထပ်စာချုပ်လေးရရင် ချပြပေးမယ်။ လောလောဆယ် နေလင်းကျော်ကို ဒေါပုံသာကေတ အချုပ်ထဲမှာ ထည့်ထားတယ်။ အဖမ်းခံထားရတာ ငါးရက်ရှိပြီ။သူ့Fanတွေ သွားကြည့်ကြပေါ့ ” ဆိုပြီးရေးသားထားပါသေးတယ်။ဒီအဆိုတော်ကို အမျိုးသမီးတစ်ဦးက တရားလိုပြုလုပ်တိုင်ကြားထားတာဖြစ်ပြီး စက်တင်ဘာ ၄ ရက်မှာ ပထမအကြိမ် ရုံးထုတ်စစ်ဆေးသွားဖို့ရှိတယ်လို့ ဒေါပုံမြို့နယ်ရဲစခန်းကအရာရှိတစ်ဦးကပြောဆိုထားတယ်လို့လည်းသိရပါတယ်။

“ကျွန်တော်တို့ ဒေါပုံတရားရုံးမှာ ရမန်နှစ်ပတ်ယူတာပေါ့။ ဒါပေမဲ့ တရားရုံးပြင်နေလို့ မြို့ထဲက ကျောက်တံတားတရားရုံးမှာ ခေတ္တရမန်သွားယူရပါတယ်။စက်တင်ဘာ ၄ ရက် ရုံးချိန်းလည်း အဲဒီမှာပဲ ထုတ်ဖို့ရှိပါမယ်” လို့ အဆိုပါအရာရှိကဆက်လက်ပြောပြခဲ့ကြောင်းလည်းသိရပါတယ်။လက်ရှိမှာ နေလင်းကျော်ကို တရားစွဲဆိုထားသူ အမျိုးမီးဟာ မည်သူမည်ဝါကိုမသိရသေးပါဘူး။ ဒါပေမယ့် နေလင်းကျော်ဟာ sexy model တစ်ဦးဖြစ်တဲ့ ဇာဇာထက်နဲ့ ချစ်သူတွေဖြစ်ခဲ့ဖူးကြောင်း တရားဝင်ပြောဆိုခဲ့ဖူးတဲ့အတွက် ပရိသတ်တွေကြားမှာ သို့လောသို့လောတွေးစရာတွေဖြစ်နေခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဇာဇာထက်ဘက်ကတော့ အခုအချိန်အထိတရားဝင်ပြန်လည်ဖြေရှင်းထားခြင်းမရှိသေးပါဘူး။

  • Mg Kaung

Leave a Reply

Your email address will not be published.