ရုံးချိန်းမလာတဲ့ တရားလိုမိန်းကလေးကို ဖမ်းဝရမ်းထုတ်လို့ရကြောင်း မင်းရာဇာပြော

အိမ်အကူမိန်းကလေးအား ညှင်းပန်းနှိပ်စက်မှု၊ မုဒိန်းမှုတိုနဲ့ တရားစွဲဆိုခံထားရတဲ့ သရုပ်ဆောင် မင်းရာဇာကို ဩဂုတ်လ ၂၆ ရက်က မြောက်ဥက္ကလာတရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။ အဆိုပါ ရုံးချိန်းမှာတော့ မင်းရာဇာဟာ ရုံးချိန်းတက်ရောက်မလာတဲ့ တရားလိုအပေါ် ဖမ်းဝရမ်းထုတ်လို့ရကြောင်း မီဒီယာတွေကနေတဆင့် ပြောလာခဲ့ပါတယ်။

“ အဓိက ပြောချင်တာက တရားလိုဘက်က ရုံးချိန်း (၃) ချိန်းမလာဘူးဆိုရင် ဖမ်းဝရမ်းထုတ်လို့ရပါပြီ။ မြို့နယ်ဆိုရင်မလာတာ (၄) ချိန်းရှိသွားပြီ။ အရှေ့ပိုင်းခရိုင် ရုံးချိန်းဆိုရင် မလာတာ (၅) ချိန်းရှိသွားပြီ။ ကောင်မလေးရဲ့ အသက်ကလည်း သူတို့ပေးတဲ့ စစ်ဆေးချက်တွေနဲ့ အတိအကျစစ်လိုက်တာ အခု အသက်က (၂၂) နှစ်အထိပေါ်နေပါတယ်” ဆိုပြီးတော့ ဩဂုတ်လ(၂၆) ရက်နေ့ ရုံးချိန်းအပြန်မှာပြောဆိုခဲ့တာပါ။ တရားလို မိန်းကလေးဘက်က ရုံးချိန်းမတက်ရောက်နိုင်သေးတဲ့ အခြေအနေအမှန်အပြင် အမည်မသိ အမျိုးသမီး ရှေ့နေ (၂)ယောက်နဲ့ အမျိုးသားတစ်ယောက်တို့က တရားလို ကောင်မလေး နေထိုင်ရာ နေရာများကို လိုက်လံ စုံစမ်းနေတယ်လို့လည်း တရားလို ရှေ့နေ ဦးရောဘတ်စန်းအောင်က ဆက်ပြောပြလာပါတယ်။“ တရားလိုဘက်က မလာတာကို ဖမ်းဝရမ်းထုတ်လို့ရတယ်ဆိုတဲ့ စကားက ဥပဒေစကားပါ။ အရပ်သုံး၊ အရပ်ပြော ပြောလို့မရပါဘူး။ တရားလိုကို ဘယ်အခြေအနေမှာ ဖမ်းဝရမ်းထုတ်ရတယ်ဆိုတာ ဥပဒေပြဌာန်းချက်ရှိတယ်။

အခု အမျိုးနာမည်မသိတဲ့ အမျိုးသမီးရှေ့နေ (၂) ယောက်နဲ့ အမျိုးသား တစ်ယောက်က အိမ်မဲမြို့နယ်၊ ရွှေဘို ရေကျော်ရွာဘက်ကိုသွားပြီးတော့ ကလေးမလေး ဘယ်မှာနေသလဲဆိုတာကို လိုက်လံ စုံစမ်းနေတဲ့အတွက် စိုးရိမ်သောကရောက်နေလို့ မလာသေးတာ။ အဲဒါကို ရပ်၊ ကျေး အုပ်ချုပ်ရေးမှူးကလည်း မှန်ကန်ကြောင်းပြောထားတာ အထောက်အထားရှိပါတယ်။ တိုင်းကနေ အမှုခေါ်ထားတဲ့ အချိန်မှာ ပြောနေတာ ပြောပါစေ။ ရှင်းသင့်ရှင်းထိုက်တာကို ရှင်းမယ်လို့ပဲ ပြောချင်ပါတယ်”လို့ပြောပြသွားခဲ့ပါတယ်။

  • Mg Kaung

Leave a Reply

Your email address will not be published.