နေထက်လင်း နဲ့ ဝေဠုကျော် ဦးဆောင်ပြီး ကိုဗစ်ကူးစစ်မှုမြင့်တက်နေတဲ့ စစ်တွေ့မြို့ကို ဆေးဝါးများထောက်ပံ့လှူဒါန်း

ပရဟိတမင်းသားတွေဖြစ်တဲ့ နေထက်လင်းနဲ့ ဝေဠုကျော်တို့ဟာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့အတွက် COVID-19 ကြိုတင်ကာကွယ်ရေး လုပ်ငန်းတွေမှာ အသုံးပြုဖို့အတွက် ပိုးသတ်ဆေးတွေ အပြင် ကာကွယ်ရေး ဆေးပစ္စည်းတွေ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

” ဝေဠုကျော်ဖောင်ဒေးရှင်းမှ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ COVID-19 ကူးစက်ပြန့်ပွားမှု ကြိုတင် ကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အတွက် ပိုးသတ်ဆေး ဂါလံ (၆၅) နှင့် အဝတ် mask (၂၅၀) ခု ကို အရင်ကတည်းက ဖွဲ့စည်းထားခဲ့သော ရခိုင်ကို ကူညီပေးနေသော သရုပ်ဆောင် ကိုနေထက်လင်း မှ ဥက္ကဌ ၊ကိုဝေဠုကျော်မှ ဒုတိယဥက္ကဌ အဖြစ် ပါဝင်သည့် အဖွဲ့ မှတဆင့် ကနဦး ထောက်ပံ့မှု အဖြစ် ပေးပို့ လှူဒါန်း ပေးခဲ့ပါတယ်” ဆိုပြီးတော့ ဝေဠုကျော်ဖောင်ဒေးရှင်း ဖေ့စ်ဘွတ်ပေ့ခ်ျမှာရေးသားထားခဲ့တာဖြစ်ပါတယ်။သရုပ်ဆောင် ဝေဠုကျော် ဦးဆောင်တဲ့ ဝေဠုကျော်ဖောင်ဒေးရှင်းဟာ အခုလက်ရှိ COVID-19 ရောဂါ ကာကွယ်ရေးအတွက် သံသယလူနာများ သယ်ယူပို့ဆောင်ခြင်း၊ ဆေးဖြန်းခြင်းများဆောင်ရွက်လျှက်ရှိပါတယ်။ အဲဒီနောက် အမှန်တကယ် လိုအပ်မှု ရှိနေတဲ့ နေရာဒေသတွေမှာလည်း စားနပ်ရိက္ခာတွေ လှူဒါန်းခဲ့တာ တွေ့ရပါတယ်။

မေလအတွင်းမှာလည်း နာဂဒေသအတွက် လိုအပ်တဲ့ ဆေးဝါးတွေကို ဝေဠုကျော် ဖောင်ဒေးရှင်းက လှူဒါန်းခဲ့တာ တွေ့ရပါတယ်။ ဒါ့အပြင်ကျူးကျော်ရပ်ကွက်တွေမှာ နေထိုင်ရတဲ့ လူကြမ်းသရုပ်ဆောင်တွေ နဲ့ ဆိုက်ကား နင်းပြီး မိသားစု စားဝတ်နေရေးအတွက် ရုန်းကန်နေရသူတွေကို အဝတ်အစား ၊ စားနပ်ရိက္ခာနဲ့ ငွေကြေးထောက်ပံ့မှုတွေ ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။

  • Mg Kaung

Leave a Reply

Your email address will not be published.