ဖြူဖြူထွေးကို တိုက်ခိုက်နေတဲ့သူတွေကို ပြန်ပြီးဝေဖန်လိုက်တဲ့နေထက်လင်း

တစ်ခေတ်တစ်ခါက အောင်မြင်ကျော်ကြားခဲ့တဲ့ အက်ရှင်မင်းသားတစ်ဦးဖြစ်တဲ့ နေထက်လင်းကတော့ လက်ရှိမှာ အနုပညာအလုပ်တွေထက် ကိုယ်ပိုင်စီးပွားရေးကို ဦးစားပေးဆောင်ရွက်နေတာ တွေ့ရပါတယ်။ ဒါ့အပြင်သူ့အနေနဲ့ ပရဟိတလုပ်ငန်းတွေမှာလည်း လက်လှမ်းမီသလောက် လုပ်ကိုင်လျှက်ရှိပါတယ်။

လတ်တလော လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ အနုပညာရှင်အချို့က ဖြူဖြူထွေးကို ဝေဖန်တိုက်ခိုက်နေကြတာနဲ့ ပတ်သက်ပြီး နေထက်လင်းက သူ့ရဲ့ အမြင်ကိုအခုလိုပဲပြောပြသွားခဲ့ပါတယ်။နေထက်လင်းက “ကျွန်တော်တို့ နိုင်ငံမှာ လူလတ်တန်းစားနဲ့ ချမ်းသာတဲ့လူကရှိလှလူနည်းနည်းပေါ့။ သန်း ၆၀ မှာ သန်း ၄၀ လောက်က အခြေခံလူတန်းစားတွေပါ။ဒီလူတွေကို ဖြူဖြူထွေးက Entertain လုပ်ပေးနိုင်တယ်။ဖျော်ဖြေနိုင်တယ်။အဲ့ဒါ အဓိကက သူစိတ်ဖြူလို့ပဲ။လူတွေက အဲ့ဒါကို အားပေးတာ….အဲ့ဒါပါရမီလို့ခေါ်တယ်။ဘယ်သူမှဘာမှလုပ်လို့မရဘူး။သူနို့လည်းမဖော်ဘူး။ ဖင်လည်းမဖော်ဘူး။ ရုပ်ကလည်း အလှကြီးမဟုတ်ပါဘူး။ သာမန်ပါပဲ။ တချို့ကပြောတယ် တောသူရုပ်ပေါက်တယ်ပေါ့။ ဟုတ်တယ်လေ ဘာဖြစ်လဲ သူတောသူလိုပဲသရုပ်ဆောင်သွားတယ်။ သူ့ရဲ့ပါရမီပဲ သူအဲ့လိုလုပ်ရင် ချမ်းသာမယ်လို့ သိလို့ မဟုတ်ဘူး။

သူ့အဖြူထည်စိတ်က သူ့ကိုဦးဆောင်ပြီးတော့ အခြေခံလူတန်းစားတွေကို ဖျော်ဖြေနိုင်တာက အဓိကပဲ။ကျွန်တော်တို့လည်း အဲ့ဒီလိုပဲ တက်လာခဲ့တာပဲ။သူ့ကိုကြည့်လိုက်တာနဲ့ သိတာပေါ့လို့” နေထက်လင်းကဆိုပါတယ်။ဒါ့အပြင် သူက “ဖြူဖြူထွေးကို အတုယူကြပါ လိုက်မဖိုက်ကြနဲ့ မဖဲ့နဲ့ ဖြူဖြူထွေးလို ဖြူစင်တဲ့ ဘဝရောက်ဖို့အတွက် နောက်ထပ်အဆင့်တွေမှီဖို့လိုသေးတယ် ” ဆိုပြီး သူ့ရဲ့အမြင်ကိုပွင့်ပွင့်လင်းလင်းပြောပြသွားခဲ့တာဖြစ်ပါတယ်။

  • Mg Kaung

Leave a Reply

Your email address will not be published.