သမိုင်းနောက်ခံဇာတ်လမ်းတွဲမှာပါဝင်ဖို့ကမ်းလှမ်းခံထားရတဲ့ Son Ye Jin နဲ့ Kang Ha Neul

နာမည်ကျော်သရုပ်ဆောင်နှစ်ဦးဖြစ်တဲ့ မင်းသမီး Son Ye Jin နဲ့ Kang Ha Neul တို့ဟာ “Cut by the Heart” လို့ယာယီအမည်ပေးထားတဲ့ သမိုင်းနောက်ခံဇာတ်လမ်းတွဲတစ်ခုမှာပါဝင်သရုပ်ဆောင်ဖို့ကမ်းလှမ်းခံထားရတယ်လို့သိရပါတယ်။ ဒီဇာတ်လလမ်းတွဲဟာ သာမန်အရပ်သားပြည်သူကောင်လေးတစ်ယောက် ( On Dal ) နဲ့ အဲ့ဒီကောင်လေးရဲ့ စိတ်ခံစားချက်ကိုအသုံးချခဲ့တဲ့ နန်းတော်က မင်းသမီးတစ်ယောက် ( Princess Pyeonggang )တို့ရဲ့ကြားကအချစ်ဇာတ်လမ်းကိုပုံဖော်ရိုက်ကူးမှာဖြစ်ပါတယ်။

Seo Ye Jin သာ ကမ်းလှမ်းမှုကိုလက်ခံခဲ့ရင်တော့ အဆိုပါ မင်းသမီးနေရာက ပါဝင်သရုပ်ဆောင်ရမှာဖြစ်သလို ၂၀၀၂ ခုနှစ်က သူမရိုက်ကူးခဲ့တဲ့ “The Pirates” ပြီးတဲ့နောက် ပထမဆုံးပြန်လည်ရိုက်ကူးမယ့် သမိုင်းနောက်ခံဇာတ်လမ်းတွဲဖြစ်လာမှာပါ။ ဒါပေမယ့် သူမအနေနဲ့ကမ်းလှမ်းမှုကိုလက်ခံဖို့အတိအကျမဆုံးဖြတ်ရသေးဘူးလို့ သူမရဲ့ အေဂျင်စီဘက်ကဆိုထားပါတယ်။Seo Ye Jin ဟာ လတ်တလောမှာတော့ သူမ ပါဝင်သရုပ်ဆောင်ရမယ့် ဟောလိဝုဒ်ရုပ်ရှင်ဖြစ်တဲ့ “Cross” အတွက် အသေးစိတ်ပြင်ဆင်မှုတွေပြုလုပ်နေတာဖြစ်ပြီး သူမဟာ Avatar မင်းသားအဖြစ် လူသိများတဲ့ Sam Worthington နဲ့တွဲဖက်သရုပ်ဆောင်ရမှာပါ။ အဆိုပါ ဟောလိဝုဒ်ရုပ်ရှင်မှာတော့ဇာတ်လမ်းအရ ချမ်းသာကြွယ်ဝတဲ့နိုင်ငံတစ်ခုနဲ့ ဆင်းရဲနွမ်းပါးတဲ့ နိုင်ငံတစ်ခုကို ပိုင်ခြားထားတဲ့အခြေအနေမှာ နွမ်းပါးတဲ့နိုင်ငံရဲ့ နယ်စပ်မှာနေထိုင်ပြီး ခက်ခဲကြမ်းတမ်းစွာရှင်သန်နေရတဲ့ single mother တစ်ယောက်နေရာက Son Ye Jin က ပါဝင်မှာဖြစ်ပါတယ်။

မင်းသား Kang Ha Neul ဟာလည်း သမိုင်းနောက်ခံဇာတ်လမ်းတွဲမှာပါဝင်ဖို့ကမ်းလှမ်းခံထားရပြီး ဆုံးဖြတ်ချက်မချရသေးပေမယ့် ဇာတ်ညွှန်းကိုဖတ်ကြည့်နေဆဲအခြေအနေဖြစ်တယ်လို့ ၎င်းရဲ့ အေဂျင်စီဘက်ကဆိုထားပါတယ်။ Ha Neul ဟာ မိခင်ဖြစ်သူနဲ့ တောင်ပေါ်မှာ နှစ်ယောက်တည်းနေထိုင်ရင်း အပြင်လောကကြီးကို စူးစမ်းလေ့လာချင်နေတဲ့ Oh Dal ဆိုတဲ့ သာမန်အရပ်သားတစ်ယောက်နေရာကပါဝင်မှာပါ။ မိခင် မသိအောင်ရွာထဲက ဈေးကိုသွားလည်ရင်းက နန်းတော်က မင်းသမီးနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။ဒီဇာတ်လမ်းတွဲကိုတော့ SBS နဲ့ MBC ရုပ်သံလိုင်းတွေရဲ့ နာမည်ကျော်ဇာတ်လမ်းတွဲတွေကိုရိုက်ကူးဖူးတဲ့ (PD) Yoon Sang Ho က ရိုက်ကူးမှာဖြစ်တယ်လို့သိရပါတယ်။

  • Mg Kaung

Leave a Reply

Your email address will not be published.