လူအယောက်(၅၀၀)စာအတွက် လှူဒါန်းမှုပြုလုပ်ဦးမယ့် ယုန်လေး

ယုန်လေးကတော့ ရိုက်ကူးရေးလုပ်ဖို့ (၁) နှစ်ပိတ်ပင်ခံထားရပေမယ့် ပရဟိတအလုပ်တွေကို ပြန်လည် လုပ်ကိုင်နိုင်ဖို့ လုပ်ခွင့်ရသလောက် အနုပညာအလုပ်လေးတွေ ပြန်လုပ်နေတာ တွေ့ရပါတယ်။ သူရရှိတဲ့ အနုပညာကြေးနဲ့ ပရဟိတအလုပ်တွေ လုပ်ကိုင်လျှက်ရှိပါတယ်။

ယုန်လေးဟာ Covid ကာလအတွင်းမှာလည်း COVID-19 ကာကွယ်ရေး ဆေးပစ္စည်းတွေနဲ့ စားနပ်ရိက္ခာများ လိုအပ်နေတဲ့ ဆေးရုံ၊ ရပ်ကွက် နဲ့ မြို့နယ်တွေကို သွားရောက် လှူဒါန်းခဲ့ပါသေးတယ်။ ပရဟိတအလုပ်နဲ့ ပတ်သက်လာရင် လက်မနှေးသူ တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ အခုအခါမှာဆိုရင်လည်း အဆိုတော် ယုန်လေးကတော့ လူရွှင်တော် ဧရာဆီက ထီလက်မှတ်တွေ၊ ဇာတ်ပို့သရုပ်ဆောင် ကျော်ထူးဆီက ဆန်တွေ ဝယ်ပြီး ပရိသတ်အယောက်(၅၀၀) ကို လှူဒါန်းသွားမယ့်အကြောင်း ပြောပြလာပါတယ်။

” 28 ၊ 29 ရက်နေ့ အလှူ အတွက် ကိုဧရာ ဆီက လူအယောက် (၅၀၀)စာ တစ်ယောက် (၃ စောင်) နှုန်းနဲ့ ထီလက်မှတ် အစောင်ရေ (၁၅၀၀) ၊ ကိုကျော်ထူး ဆီက ဆန် (၃ပြည်)အိတ်၊ လူအယောက် (၅၀၀ )စာ အိတ် (၅၀၀) အားပေးခဲ့ပါပြီ။ ကျန်တာတွေ ထပ်စီစဉ်နေပါသေးတယ်။ အလှူရှင် ထပ်တိုးရင် အရေတွက် ထပ်တိုးပါမယ်။ ထီတွေပေါက်ရင်တော့ အရမ်းပျော်ဖို့ကောင်းသွားပြီ။ ထီတွေ ပေါက်ကျဖို့ ဗုဒ္ဓဟူးနေ့ အဓိဌာန်ဝင်ပါမယ် ခင်များ . . အားလုံး ဝိုင်းဆုတောင်းပေးကြပါဦး” ဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာရေးသားထားခဲ့တာဖြစ်ပါတယ်။

  • Mg Kaung

Leave a Reply

Your email address will not be published.