Single mother တစ်ယောက်အနေနဲ့ သမီးလေးဘေးမှာ မားမားမတ်မတ်ရပ်တည်နေပြီး အနုပညာလှုပ်ရှားမှုတွေကိုလည်း မပြတ်လုပ်ဆောင်နေတာဖြစ်လို့ ပရိသတ်တွေက ချီးကျူးမဆုံးဖြစ်နေတာလည်းဖြစ်ပါတယ်။ ယနေ့မှာတော့ သူမရဲ့ သမီးလေး အိုင်ဗွီရဲ့ ၃နှစ်ပြည့် မွေးနေ့လေးပဲဖြစ်ပါတယ်။သမီးလေးရဲ့ အသည်းယားစရာကောင်းတဲ့ ပုံလေးကို တင်ပေးလာရင်း မေမေ အေသင်က ” Happy Birthday mommy’s ivy lay (မြန်မာလိုဆို မေမေ့ နွယ်ပင်လေးပေါ့) ။



လွန်ခဲ့တဲ့ ၃နှစ်က ဒီလို နေ့မျိုး ဒီအချိန်လောက်ဆို မေမေ ခွဲခန်းထဲဝင်ဖို့ ready ဖြစ်နေပြီ။ မေမေ့ဘေးနားမှာ ဘွားဘွားရယ် ခွါးခွါရယ် မေမေမသိတဲ့ Nurse တွေရယ် ပဲရှိပေမယ့် မေမေ နည်းနည်းလေးမှ မကြောက်မိပါဘူးကွယ်။ မေမေ့ ပြောသမျှ ဗိုက်ထဲကနေ နားထောင်ပေးနေရှာတဲ့ မေမေ့အိုင်ဗွီလေးကို တွေ့ချင်နေပြီမို့ ပြုံးစိစိနဲ့ ပျော်နေတာ Nurse တွေက အဖေ နာမည် ဖြည့်ဖို့မေးတာတောင် မေမေက စိတ်တိုဝမ်းနည်းရမယ့်အစား သူတို့ကို မျက်နှာပြောင်ပြီး လျှောက်စ နေနိုင်သေးတာ။ မေမေ့ဘဝအချိုးအကွေ့တွေထဲမှာ မေမေ့ဘဝထဲကို သမီး လေးရောက်ရှိလာခြင်းက မေမေ့ဘဝအတွက် အကြီးမားဆုံးဘုရားပေးတဲ့ လက်ဆောင်တစ်ခုပါ။




ရတနာထက်တောင်ပိုတန်ဖိုးရှိပါတယ်။ မေမေ့ဗွီးလေး စိတ်ထားကောင်းမွန်ပြီး လောဘ၊ဒေါသ၊မောဟ၊မာန၊ ဟန်ဆောင်မှုတွေကင်းတဲ့ ဘဝတစ်ခုကိုဖန်တီးနိုင်မယ်ဆိုတာ မေမေ အပြည့်အဝယုံကြည်ပါတယ်။ Happy Birthday May may Vee Love of my life ” ဆိုပြီး မွေးနေ့ဆုတောင်းစာလေး ရေးသားခဲ့ပါတယ်။ချစ်စရာကောင်းတဲ့ အေသင်တို့သားအမိပုံလေးတွေ Celepedia ပရိတ်သတ်တွေတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်…။