ဖြူဖြူထွေးအပေါ် သူ့ရဲ့အမြင်ကို ပွင့်လင်းစွာပြောပြလာတဲ့ လွင်မိုး

ဝါရင့်မင်းသားတစ်လက်ဖြစ်တဲ့ သရုပ်ဆောင်လွင်မိုးဟာ အနုပညာလောကသားတွေရဲ့ အရေးကိစ္စဆိုရင်လည်း ကူညီဖို့ လက်မနှေးတတ်သလို တက်သစ်အနုပညာရှင်တွေကိုလည်း အကြံဉာဏ်ကောင်းတွေ အစဉ်အမြဲ ပေးတတ်သူပါ။ ယခုအခါမှာတော့ လက်ရှိ လူမှုကွန်ယက်မှာ အအောင်မြင်ဆုံးဖြစ်နေတဲ့ ဖြူဖြူထွေးနဲ့ပတ်သက်ပြီး သူ့ရဲ့အမြင်ကို ပြောပြလာခဲ့တာဖြစ်ပါတယ်။

လွင်မိုးက “လက်ရှိ အအောင်မြင်ဆုံး ဆို ဖြူဖြူထွေးပေါ့။ ဖြူဖြူထွေး အနေနဲ့ သူ့ရဲ့ တင်ဆက်မှုတွေကို ကျွန်တော် သတိထားမိတာ တော်တော်ကြာပါပြီ၊ တော်လည်း တော်တယ်။အောင်လည်း အောင်မြင်တယ်။ ဒါပေမယ့် ကျွန်တော့်အမြင်အရ ပြောရရင် ဒီလိုတင်ဆက်မှုချည်း မလုပ်ပဲ၊ဇာတ်လမ်းဇာတ်ကွက် တစ်ခုမှာ အချက်ကျကျ နဲ့ သရုပ်ဆောင်နိုင်တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်အောင်သာကြိုးစားမယ်ဆိုရင် သူ့ရဲ့အောင်မြင်မှုဟာ ရေရှည်တည်တံနိုင်မယ်လို့ မြင်မိတယ်လို့ အကြံဉာဏ်ကောင်းပေးလာခဲ့တာပါ။ဒါ့အပြင် လွင်မိုးကဆက်လက်ပြီး ဦးလွင်မိုးက “ကျွန်တော်တို့ကတော့ အောင်မြင်လာတဲ့ ကလေးတိုင်းကို ပံ့ပိုးပေးဖို့ပါပဲ။

လက်ရှိအချိန်မှာကျွန်တော်တို့ အသက်အရွယ်က လုပ်ရမှာက ဒါပါပဲ။ သူတို့ကိုပံပိုးပေးမှ ရုပ်ရှင်လောက တစ်ခုလုံးပိုမိုကျယ်ပြန့်လာမှာပါ” လို့ ဆက်လက်ပြောပြသွားခဲ့တာဖြစ်ပါတယ်။ဖြူဖြူထွေးဟာ လတ်တလောမှာ အနုပညာရှင်တချို့ရဲ့ဝေဖန်မှုကိုခံနေရသလို သရုပ်ဆောင် လွင်မိုး နဲ့ ဒိန်းဒေါင်အပါအဝင် အခြားအနုပညာရှင်အချို့ကလည်း အားပေးစကားပြောဆိုထားခဲ့ကြပါတယ်။

  • Mg Kaung

Leave a Reply

Your email address will not be published.