ပြည်သူချစ်မင်းသားကြီးလည်းဖြစ် ၊ ပရဟိတသမားကြီးလည်းဖြစ်တဲ့ သရုပ်ဦးကျော်သူနဲ့ သူ့ရဲ့ ဇနီး ရွှေဇီးကွက်တို့ကတော့ မကြာခင်မှာ မင်္ဂလာသက်တမ်း ၃၉ နှစ်ပြည့်မြောက်တော့မယ်လို့သိရပါတယ်။



ဦးကျော်သူဟာ ဇနီးဖြစ်သူ ရွှေဇီးကွက်ကို တစ်ချိန်ကအလိုမတူပဲ ကားတင်ပြေးခဲ့တာဖြစ်တယ်လို့ ပြန်ပြောင်းပြောပြလာခဲ့တာပါ။ ဦးကျော်သူက “ကျွန်တော်ကအဲ့ဒီနေ့က သူ့ကို အကြော်စားမယ်ဆိုပြီး ခေါ်ထုတ်လိုက်တာ….လမ်းရောက်တော့ သူငယ်ချင်းက ကားနဲ့စောင့်နေတယ် ငါ့မွေးနေ့မို့လိုက်စားပါဆိုပြီး သူကခေါ်တယ် ရွှေဇီးကွက်က သူမလိုက်ဘူး ယောကျာ်းလေး ပါတဲ့ကားကို မစီးဘူးပေါ့ ကျွန်တော်လည်း သူငယ်ချင်းကို မျက်စပစ်ပြီး သူကလက်ကိုဆွဲ ကျွန်တော်ကခြေထောက်ကို မပြီး ကားပေါ်ပစ်တင်ပြီးမောင်းပြေးတာပဲ” ဟု ပြန်ပြောင်းပြောပြလာခဲ့တာပဲဖြစ်ပါတယ်။



“သူနဲ့ကျွန်တော်နဲ့က သမီးရည်းစားတွေပါပဲ။ကျွန်တော်ကအရမ်းလက်ထပ်ချင်နေပြီး သူကတော့ ကျောင်းမပြီးသေးတော့ လက်မထပ်ရဲဘူးပေါ့။ အဲ့လိုဆိုတော့ ဒီလိုပဲနီးစပ်အောင် ကြံခဲ့ရတာပါ”လို့လည်း ဦးကျော်သူက ဇနီးဖြစ်သူနဲ့ ဆုံစည်းခဲ့ပုံကို ဆက်လက်ပြောပြလာခဲ့တာဖြစ်ပါတယ်။ကိုယ်တိုင်က ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ဦးကျော်သူရဲ့ တစ်ချိန်က အချစ်ဇာတ်လမ်းကလည်း တကယ့်ကို ရုပ်ရှင်ဆန်ဆန် စိတ်ဝင်စားဖို့ကောင်းနေခဲ့တာပဲဖြစ်ပါတယ်။
- Mg Kaung