ဆိုရှယ်မီဒီယာပေါ်မှာ ဆယ်လီတစ်ဦးအဖြစ်အောင်မြင်လာတဲ့ ဖြူဖြူထွေးဟာ ကိုဗစ်ကာလမှာ အလုပ်အကိုင်ခက်ခဲနေတဲ့ အနုပညာရှင်တချို့ကို လက်တွဲခေါ်ယူပြီး ကြော်ငြာလေးတွေကိုရိုက်ကူးပေးနေတာကြောင့် ပရိသတ်တွေရဲ့ ပိုမိုအားပေးမှုကိုရရှိလာတာဖြစ်ပါတယ်။ဒါပေမယ့် သူမအခုလိုလုပ်နေတာဟာ အနုပညာသမားတွေကို လှေကားထစ်သဖွယ်အသုံးချနေလို့သရုပ်ဆောင် ၊ ဒါရိုက်တာ မင်းခန့်ကျော်က ဝေဖန်ပြောဆိုလိုက်တာပါ။



မင်းခန့်ကျော်က “အဲဒီစကားလုံသူတကယ်ပြောခဲ့တယ်ဆိုရင်ရိုင်းတယ်ဗျ။ သူခေါ်ရိုက်မှ အနုပညာသမားတွေက ထမင်းစားကြရတယ်လို့ပြောရင်တော့ အရမ်းရိုင်းတယ်ဗျ။ ဘာဖြစ်လို့လည်းဆိုတော့ အနုပညာသမားတွေ လက်ရှိကာလမှာ အလုပ်မလုပ်ကြရဘူးဆိုတာကLockdownကာလမို့ပါ။သူခေါ်ရိုက်မှ ဒီလူတွေအဆင်ပြေတယ်။ ဒီလူတွေကို သူကအလုပ်တွေပေးနေတာပါလို့ သူအမြဲတမ်းပြောတယ်။ အဲ့စကားလုံးကြီးကို မသုံးစေချင်ဘူး။



သူသည်ဒီလူတွေကို မှီပြီး Follower, Like & Share တိုးဖို့အတွက် လှေကားထစ်လို ဘဝတစ်ခုကို ဖြတ်သန်းနေတာ ” ဟု ပြင်းထန်စွာဝေဖန်လာခဲ့တာဖြစ်ပါတယ်။သရုပ်ဆောင်မင်းခန့်ကျော်ကတော့ တစ်ချိန်က ဗွီဒီယိုဇာတ်ကားတွေမှာပါဝင်သရုပ်ဆောင်ခဲ့ပြီး လက်ရှိမှာဒါရိုက်တာတစ်ဦးအဖြစ်လုပ်ကိုင်နေသူလည်းဖြစ်ပါတယ်။
- Mg Kaung