” မလို့ပဲခေါ် “သီချင်းကJOOX မှာ နံပါတ် ၁ ရလို့ ဝမ်းသာနေတဲ့ ချယ်ရီသင်း

အသံချိုချိုအေးအေးလေးဖြင့်ပရိသတ်တွေရဲ့အချစ်ကိုရရှိထားတဲ့အဆိုတော်ချယ်ရီသင်းက သူမရဲ့ “မလို့ပဲခေါ် ” သီချင်းကိုပရိသတ်များရဲ့အားပေးမှုကြောင့် Joox Myanmar Top 100 chart နံပါတ် ၁ နေရာကိုရရှိနေသဖြင့် ပျော်ရွှင်ကြောင်း ပြောပြခဲ့ပါတယ်။အခုလိုရရှိမယ်လို့မထင်မှတ်ထားကြောင်းနဲ့ အားပေးကြတဲ့တစ်ယောက်စီတိုင်းကို ကျေးဇူးတင်ကြောင်း ၎င်းက ပြောဆိုထားပါတယ်။

” Top 1 .. မလို့ပဲခေါ် သီချင်းက Top 1တဲ့။ မထင်ထားဘူး၊ အရမ်းပျော်ပါတယ်။ သီချင်းထွက်တာ သုံးလ ကျော်ရှိပါပြီ။ အားပေးခဲ့ကြတဲ့တစ်ယောက်ချင်းစီတိုင်းကိုလည်း ကျေးဇူးတင်ပါတယ်” ဟု အဆိုတော် ချယ်ရီသင်းက ​သူမရဲ့ လူမှုကွန်ရက်စာမျက်နှာကနေပြောဆိုခဲ့တာပါ။ အဆိုပါ တေးသီချင်းကို တေးရေးထက်လျှံမှူးက ရေးသားပေးထားခြင်းဖြစ်ပါတယ်။

Music Videoတွင် သရုပ်ဆောင် သီဟအောင်နှင့်ချယ်ရီသင်းတို့က သရုပ်ဆောင်ထားခြင်းဖြစ်တယ်လို့သိရပါတယ်။ချယ်ရီသင်းရဲ့ အဆိုပါသီချင်းရဲ့ Music Video ဟာလည်း စတင်ထွက်ရှိတဲ့အချိန်ကတည်းကပရိသတ်များအကြား ရေပန်းစား လူကြိုက်များခဲ့တာဖြစ်ပါတယ်။

  • Mg Kaung

Leave a Reply

Your email address will not be published.