“ဆိုးပေ” ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်သွားမယ့် သရုပ်ဆောင်ထွန်းထွန်းကတော့သူ့အနေနဲ့ ကိုဗစ်ကာလမပြီးဆုံးသေးပေမယ့် ရိုက်ကူးရေးတွေ ပြန်လည် လုပ်ကိုင်ခွင့်ရလာတဲ့ အပေါ် သူ့ရဲ့ အမြင်လေးကို ပြောပြလာပါတယ်။



“ အခုချိန်မှာ ရိုက်ကူးရေးတွေ ပြန်လုပ်တာ အန္တရာယ်များပေမယ့်လည်း လုပ်စရာရှိတဲ့အလုပ်ကတော့ လုပ်နေရဦးမှာပဲ။ ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့အတိုင်း စည်းကမ်းတွေအတိုင်း စည်းစနစ်ကျကျ ရိုက်ကူးပြီးတော့ မလိုအပ်ပဲနဲ့ လူအရမ်းမများအောင်၊ ပြီးတော့ ရှုတင်မှာ ကာကွယ်ရေး ပစ္စည်းတွေနဲ့ ရိုက်ကူးလို့ အဆင်ပြေအောင် ကြိုးစားလုပ်ဆောင်သွားရမှာပေါ့” လို့ဆိုပါတယ်။ကိုဗစ်ကာလအတွင်းဖြစ်တာကြောင့် မင်းသား မင်းသမီးတွေ အနေနဲ့ ချစ်ခန်းကြိုက်ခန်းရိုက်ပြီးတဲ့အချိန်မှာ အိမ်ပြန်ခွင့်ပြုလို့မရတဲ့ သတင်းတွေအပေါ်မှာလည်း ထွန်းထွန်းရဲ့ သဘောထားကို အခုလို ပြောပြလာပါတယ်။



“ အမှန်တော့လေ ရိုက်ကူးရေးလုပ်နေတဲ့လူတွေ အကုန်လုံးကို ရန်ကုန်မှာပဲဖြစ်ဖြစ်၊ နယ်မှာပဲ ဖြစ်ဖြစ် နေရာဒေသတစ်ခုမှာဖြစ်ဖြစ် စုပြီးတော့ ဟိုတယ်တစ်ခုမှာ စုနေကြမယ်။ ဒီဇာတ်ကားပြီးတော့မှ အိမ်အတူတူပြန်ကြတာ ပိုကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ ရိုက်တဲ့ သူတွေပဲ ကျန်ခဲ့ပြီးတော့ ကျန်တဲ့ သူတွေ ပြန်သွားရင် မတရားဘူးလေ” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။
- Mg Kaung