မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသားတစ်လက်ဖြစ်တဲ့ အောင်ရဲလင်းကတော့ ဗီဒီယိုခေတ်မှာရော ရုပ်ရှင်တွေမှာပါ အောင်မြင်ခဲ့ပြီး ပရိသတ်အားပေးမှုကို အခိုင်အမာရရှိထားသူတစ်ဦးပါ။ အောင်ရဲလင်းဟာ တစ်ချိန်က Beauty Blogger နေခြည်ဦးနဲ့လည်း ရည်းစားဟောင်းတွေဖြစ်ခဲ့ကြပြီး သူတို့အတွဲဟာ ပရိသတ်တွေကြားရေပန်းစားခဲ့တာလည်းဖြစ်ပါတယ်။



လတ်တလောမှာအောင်ရဲလင်းနဲ့နေခြည်ဦးတို့ဟာ music video ရိုက်ကူးမှုအတွက်ပြန်လည်ပေါင်းစည်းမိကြပြီး ပရိသတ်တွေကြားမှာလည်းအတော်လေး လူပြောများနေခဲ့တာပါ။နေခြည်ဦးနဲ့ ပြန်လည်သရုပ်ဆောင်ဖြစ်တဲ့အပေါ်မှာလည်း အောင်ရဲလင်းက “မင်းသမီးဘယ်သူလဲမေးလိုက်တော့ နေခြည်ဦးဆိုတော့ ကိုယ်နဲ့လည်း close ဖြစ်ပြီးသားဆိုတော့ လက်ခံလိုက်တာပါ သူနဲ့ကိုယ်နဲ့ကြားမှာလည်း ဘာပြဿနာမှမရှိပါဘူး”လို့ ဆိုလာခဲ့တာပါ။ဒါ့အပြင်ချစ်သူဟောင်းနဲ့သူ့ရဲ့ကြားကဆက်ဆံရေးတွေကိုလည်းအောင်ရဲလင်းက အခုလိုဖွင့်ဟလာပါသေးတယ်။



အောင်ရဲလင်းက “နေခြည်ဦး နဲ့ ကျနော် နဲ့ ကြားမှာ ဘာ အာဃာတတွေ ၊ အငြိုးအတေးတွေမှ မရှိပါဘူး။ အလုပ် အတူတူ ပြန်လုပ်ကြတဲ့ အခါမှာ အားလုံး ကောင်းသွားအောင် ညှိညှိနှိုင်းနှိုင်း လုပ်ကြပါတယ်။ နဂိုကတည်းက Close ဖြစ်ပြီးသားမို့ အားလုံး အေးဆေးပါ” လို့ ပြောပြလာခဲ့တာဖြစ်ပါတယ်။
- Mg Kaung