သရုပ်ဆောင် မင်းဦး နဲ့ ၎င်းရဲ့ဇနီး မခိုင်ဝင်းသူတို့ကတော့ ပျော်စရာအိမ်ထောင်ရှင်ဘဝလေးကို အောင်အောင်မြင်မြင်တည်ဆောက်ထားနိုင်ကြသူတွေဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက သူတို့ဇနီးမောင်နှံနှစ်ယောက်ဟာ အမိုက်စားရှုခင်းတွေကိုကြည့်ပြီး နှစ်ယောက်အတူ ကြည်ကြည်နူးနူးညစာစားခဲ့ကြပါတယ်။ အဲ့ဒီလို ညစာစားနေတဲ့ ပုံရိပ်တွေကိုလည်း မင်းဦးက လူမှုကွန်ရက်စာမျက်နှာမှာဝေမျှခဲ့တာပါ။



ခင်ပွန်းရဲ့အလုပ်ကိစ္စတွေရှိတိုင်း အနောက်က အမြဲလိုက်ကာ အလုပ်တွေကိုကူညီပေးတတ်တဲ့ ဇနီးသည်နဲ့အတူ ဒီလိုလွတ်လွတ်လပ်လပ် အပြင်မသွားရတာကြာပြီမို့ မင်းဦးကတော့ အရမ်းကိုပျော်နေပုံပါပဲ။အသက်အရွယ်ငယ်ပေမယ့် အရှက်အကြောက်ကြီးတဲ့ ဇနီးဖြစ်သူကတော့ အနေအေးကာ ရင့်ကျက်တဲ့ အမျိုးသမီးတစ်ယောက်လည်းဖြစ်ပါတယ်။ ခင်ပွန်းကို ယူပြီးနောက်ပိုင်းမှ သူမနဲ့ အသက်အရမ်းကွာမှန်းသိခဲ့ရတယ်ဆိုတဲ့အကြောင်းလည်း အရင်ကပြောပြခဲ့ဖူးပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရှေ့သွားနောက်လိုက်ညီလွန်းတာ ကတော့ ငြင်းမရတဲ့အချက်တစ်ခုပါပဲ။



နှစ်ယောက်သားရဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို ” Europe ရောက်သွားသလိုလို … နှစ်ယောက်ထဲ အဲ့လိုမသွားရတာအတော်ကြာ ” ဆိုပြီး မင်းဦးက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာက်နေဝေမျှခဲ့ပါတယ်။ အသက်အရွယ်ကွာဟပေမယ့် ခန့်ပြီးသန့်နေတဲ့ မင်းဦးနဲ့ ရင့်ကျက်တည်ငြိမ်ပြီး အေးချမ်းတဲ့အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့ ချစ်ဇနီးလေးတို့နှစ်ယောက်သားက နေနဲ့လ ရွှေနဲ့မြလို လိုက်ဖက်လွန်းနေတာကို ပရိသတ်တွေမြင်တွေ့ခဲ့ကြရပါတယ်။
- Mg Kaung