ဘဝမှာသုံးကြိမ်တိတိအဆုံးစီရင်ဖို့ကြိုးပမ်းဖူးတဲ့အကြောင်းဖွင့်ဟလာတဲ့ ခြူးလေး

သရုပ်ဆောင် ခြူးလေးကတော့ ဇာတ်လမ်းတွဲမင်းသမီးတစ်ဦးအဖြစ်နေရာတစ်နေရာအခိုင်အမာရထားတဲ့ပါ။ အခုနောက်ပိုင်းမှာလည်းဆိုရင်လည်း သူမရဲ့ ချစ်စဖွယ်ဟန်ပန်နဲ့ရိုက်ကူးထားတဲ့ Tik Tok video လေးတွေဟ ပရိသတ်ကြားမှာအတော်လေးရေပန်းစားလာသလို သူမကို TikTok မင်းသမီးလေးလို့ ပရိသတ်တွေက တင်စားခေါ်ဝေါ်​နေကြတာလည်းဖြစ်ပါတယ်။

ယခုအခါမှာတော့ ခြူးလေးက သူမအနေနဲ့ ဘဝမှာကိုယ့်ကိုကိုယ်သတ်သေဖို့ သုံးခါတိတိ ကြိုးစားခဲ့ဖူးတဲ့ အကြောင်း ရင်ဖွင့်ပြောပြလာခဲ့တာဖြစ်ပါတယ်။ခြူးလေးက “မှတ်မှတ်ရရဆိုရင်ဒီအနုပညာအလုပ်လုပ်တဲ့အချိန်မှာ ၂ ခါ၊ ငယ်ငယ်တုန်းက ၁ ခါ ဆိုတော့ စုစုပေါင်း ၃ ခါလောက်လုပ်ဖူးတယ်။ပထမဦးဆုံးတစ်ခေါက်ကတော့ ခုံကိုရိုက်ချိုးပြီး ကိုယ့်ဗိုက်ကိုထိုးကြည့်တာ တကယ်ပေါက်သွားမယ်ထင်တာ မပေါက်ပဲ အဲ့နားမှာတင်နာနေတော့ မလုပ်ဖြစ်တော့တာပေါ့။ဒုတိယတစ်ခေါက်ကတော့ မိသားစုကြောင့် အလုပ်ကြောင့် စိတ်ဖိစီးမှုများတာနဲ့ Depression ဝင်သွားတာပါ။၂၀၁၈ ၁ လပိုင်းလောက်ဖြစ်မယ်နဲ့တူတယ် အဲ့ဒီတစ်ကြိမ်ရယ် ဟိုတလောတုန်းကတခါ Facebook မှာ တင်လိုက်တာရယ် ၃ ကြိမ်ပေါ့ ” လို့ဖွင့်​ဟလာခဲ့တာပါ။

ဆက်လက်ပြီးခြူးလေးက ” တော်တော်များများကတော့ ဝိုင်းထိန်းကြတာပေါ့ တခုခုဖြစ်လာပြီဆိုရင် မဖြေရှင်းဖို့ ဖြေရှင်းလေ ရှုပ်လေ ဖြစ်တတ်တာက သဘာဝဆိုတော့လေ ဇာတ်လမ်းတွဲနဲ့တိုက်နေလို့ ကိုယ်ငြင်းလိုက်တဲ့ ရုပ်ရှင်တွေက အကယ်ဒမီရတဲ့အထိ အောင်မြင်သွားတာတွေရယ် မိသားစုကိစ္စတွေနဲ့ ဂယက်တွေထတာတွေရယ်ကြောင့် Depression ဝင်တာနဲ့ လောကကြီးမှာ ရှင်သန်ချင်စိတ်မရှိတော့သလိုဖြစ်သွားတာပေါ့ ” ဆိုပြီးထပ်မံပြောပြသွားခဲ့ပါတယ်။

  • Mg Kaung

Leave a Reply

Your email address will not be published.