ချစ်သူရဲ့တိုက်တွန်းမှုကြောင့် သီချင်းဆိုတတ်အောင်ကြိုးစားမယ်ဆိုတဲ့ ဧငြိမ်းဖြူ

ဧငြိမ်းဖြူကတော့ ရေဒီယို နဲ့ ကတ်ဆက်ဇာတ်လမ်းတွဲတွေမှာပါဝင်သရုပ်ဆောင်နေတဲ့ တက်သစ်စသရုပ်ဆောင်တစ်ယောက်ပါ။ သူမကိုတော့ အဆိုတော်ရဲရင့်အောင်ရဲ့ချစ်သူအဖြစ် ပရိသတ်တွေက ပိုပြီးသတိထားမိကြပါတယ်။ အခုဆိုရင် သူမနဲ့ရဲရင့်အောင်ရဲ့ ချစ်သူသက်တမ်းဟာလည်း သုံးနှစ်ကြာလှပြီလို့သိရပါတယ်။သူမကို ချစ်သူဖြစ်တဲ့ ရဲရင့်အောင်က သီချင်းဆိုစေချင်တဲ့ဆန္ဒရှိတာကြောင့် သီချင်းဆိုတတ်အောင်ကြိုးစားသွားမယ်လို့ပြောပြလာပါတယ်။

“သူက ဧကို သီချင်းဆိုဖို့ ခဏခဏပြောတယ်။ ဧ အသံနဲ့ သီချင်းဆိုဖို့ ဘယ်လိုလုပ်ဖြစ်မှာလဲနော်။ သူကတော့ သင်တန်းတွေသေချာတတ်ပြီးဆိုစေချင်တယ်။ သူကိုယ်တိုင်ကလည်း ဧ အတွက် သီချင်းရေးပေးချင်တယ်လို့ပြောတယ်။ ဒါပေမယ့် ဧ အတွက်ကတော့ လုံးဝ ယုံကြည်မှု မရှိပါဘူး။ ကိုယ်ကသရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့အတွက် နောက်ပိုင်းကျရင် အသံနဲ့ပတ်သက်ပြီးတော့ သင်တန်းတွေလည်း တက်ဖို့ အများကြီး စီစဉ်ထားတယ်” လို့ဆိုပါတယ်။ဧငြိမ်းဖြူကိုယ်တိုင်ကလည်း သူမရဲ့ အသံနဲ့ ပတ်သက်ပြီး အားရကျေနပ်မှု မရှိဘူးလို့ဆိုလာပါတယ်။ စကားပြောတိုင်း အရမ်းဆင်ခြင်နေရတယ်လို့ သူက ပြောပါတယ်။

“ ကိုယ့်အသံကိုယ် အားမရတာတော့ အမြဲတမ်းပါပဲ။ အဲဒါကြောင့်မို့လို့ ဧ စကားတစ်ခုခု ပြောရင် သတိထားရတယ်။ နဂိုကတည်းက ကိုယ်က စကားပြောမြန်တဲ့လူဆိုတော့ အရမ်းဆင်ခြင်ရတယ်။ သူဆို ဧ ကို ခဏခဏပြောတယ် စာကလေးအသံနဲ့ အရမ်းပြောတာပဲလို့ ပြောလွန်းလို့ အခုဆို တော်တော် ကို ထိန်းပြီးပြောနေရတယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။

  • Mg Kaung

Leave a Reply

Your email address will not be published.