အနုပညာသမားတွေစီးပွားရေးအလုပ်ကိုပါလုပ်သင့်တယ်ဆိုတဲ့ သရုပ်ဆောင်နေယံ

သရုပ်ဆောင် နေယံကတော့ ယခင်က မြန်မာ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေ၊ ကြော်ငြာတွေမှာ ပါဝင် သရုပ်ဆောင်ခဲ့သူဖြစ်ပြီး ယခုအခါမှာတော့ သရုပ်ဆောင် အလုပ်ကို လုပ်ကိုင်မှု နည်းပါးသွားပေမယ့် ကိုယ်ပိုင် စီးပွားရေးအဖြစ် ဖက်ရှင်ဆိုင်ဖွင့်ထားသူလည်းဖြစ်ပါတယ်။

စီးပွားရေး လုပ်ငန်းအနေနဲ့ ယောက်ျားလေး ဖက်ရှင်ဆိုင်တွေ ဖွင့်ထားတဲ့ နေယံက အနုပညာသမားမို့ ဖက်ရှင်နဲ့ မစိမ်းတာကြောင့် ဖက်ရှင်ဆိုင် ဖွင့်ဖြစ်ခဲ့တာလို့ဆိုပါတယ်။“ကျနော်က ၃ ဆိုင်မြောက် ဖွင့်လှစ်ထားတယ်။ ဆိုင်မှာတော့ တခြား ဆိုင်နဲ့ သိပ်မတူတဲ့ ဒီဇိုင်းတွေ ဆိုင်မှာ တင်ပေးထားတယ်။ Export ဆိုလည်းး တခြားဆိုင်မှာ မရှိတာကို တင်ထားပေးတယ်။ အခု ၃ ဆိုင်မြောက်မှာတော့ Zara တို့ H&M တို့ တင်ထားပေးတယ်။ အရမ်းအားပေးကြတယ်”နေယံကတော့ အဝတ်အထည် ရောင်းတဲ့အလုပ်ကို ၂၀၁၄ ခုနှစ်ကတည်းက လုပ်ကိုင်ခဲ့တာဖြစ်ပြီး အနုပညာအလုပ် ပါးနေချိန်မှာ စလုပ်ဖြစ်တာလို့ ဆိုပါတယ်။ အနုပညာသမားတွေအနေနဲ့ နောက်ထပ် စီးပွားရေး အလုပ်တခုကို မဖြစ်မနေ လုပ်သင့်တယ်လို့လည်း နေယံက ဆိုပါတယ်။

“ငွေကြေး အများကြီး မရတဲ့ အနုပညာသမားတွေက ပိုဆိုးတယ်။ လူတွေကသာ သရုပ်ဆောင်တယောက်လို့သာ မြင်ကြတာ။ သူ့မှာ ရပ်တည်ရတဲ့ အခက်အခဲတွေက အများကြီးပဲ။ လူတွေကသာ သူ့ကို တီဗီမှာ မြင်နေရလို့ အဆင်ပြေတယ်လို့ ထင်တာ။ အခုခေတ်က ပိုဆိုးတယ်။ အလုပ်တခုတော့ လုပ်ကိုလုပ်ရမယ် ထင်တယ်”လို့ နေယံက ပြောပါတယ်။

  • Mg Kaung

Leave a Reply

Your email address will not be published.