ဒါရိုက်တာစင်ရော်မောင်မောင်ကတော့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းဒါရိုက်တာတစ်ဦးဖြစ်သလို အကယ်ဒမီဆုတွေလည်းသိမ်းပိုက်ထားနိုင်ခဲ့သူပါ။ အားလုံးသိတဲ့အတိုင်း တစ်ခေတ်တစ်ခါက လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့တဲ့အကယ်ဒမီမင်းသမီး မေသန်းနုရဲ့ ခင်ပွန်းဟောင်းတစ်ဦးဆိုလည်းမမှားပါဘူး။မေသန်းနုနဲ့ အိမ်ထောင်ကွဲခဲ့ချိန်မှာစင်ရော်မောင်မောင်ဟာ အရွယ်ကောင်းချိန် နောက်အိမ်ထောင်ထူထောင်နိုင်ချိန်ဖြစ်ပေမယ့် မထူထောင်ခဲ့ပဲတစ်ကိုယ်တည်းဘဝကိုဖြတ်သန်းခဲ့ရတဲ့ အဓိကအကြောင်းအရင်းကတော့ သားဖြစ်သူ မင်းသန့်မောင်မောင်ကြောင့်ဖြစ်တယ်လို့စင်ရော်မောင်မောင်ကပြောကြားလာခဲ့ပါတယ်။


“မင်းသန့် ကြောင့် ဒီနေ့ ဒီအချိန် အထိ တစ်ဦးတည်း နေခဲ့တာပါ။ နောက်လည်း အိမ်ထောင်ထပ် ပြုဖို့ အစီအစဉ် မရှိပါဘူး။ သား က အဖေ ၊ အမေ အိမ်ထောင်ကွဲ ခဲ့တဲ့ အချိန်မှာ .. ဘယ်သူ့ကိုမှ အပြစ် မပြောခဲ့ဘူး။ မင်းသန့် က မိဘစကားကို အရမ်း နားထောင်တတ်တဲ့ ကလေးပါ” လို့စင်ရော်မောင်မောင်က ဖွင့်ဟလာခဲ့တာပါ။သူ့အနေနဲ့ ဇနီးဟောင်းဖြစ်သူ မေသန်းနုကို သားဖြစ်သူရှေ့မှာ ပြစ်တင်ပြောဆိုမိတာတွေရှိခဲ့တဲ့ အပေါ် သားဖြစ်သူ မင်းသန့်မောင်မောင်က တုံ့ပြန်ခဲ့ပုံကိုလည်း” ကျွန်တော်အရင်က မေသန်းနုမကောင်းတဲ့အကြောင်း ဘာညာ သူ့ရှေ့မှာပြောဖြစ်တယ်။အဲ့ဒီမှာသူက ကျွန်တော့်ကို အခန်းတစ်ခုတည်းသေချာခေါ်သွားပြီပြောပြတယ်။အဖေ အဖေ့အမေကို မကောင်းတာပြောရင် ကြိုက်လားတဲ့။


ကျွန်တော်က ဘယ်ကြိုက်မလဲကွ ဆိုတော့ မေသန်းနုက ကျွန်တော့အမေလေ လို့ ပြောတယ်။ကျွန်တော်အဲ့ဒီကစပြီးတော့ သူ့ရှေ့မှာ ဘယ်တော့မှ မဆင့်မကောင်းကြောင်းမပြောတော့ဘူး။ကျွန်တော်နားလည်သွားတယ်” လို့ ပြောပြလာခဲ့တာပါ။စင်ရော်မောင်မောင်ဟာ ဇနီးဟောင်းဖြစ်သူ မေသန်းနု ငွေကြေးလိမ်လည်မှုနဲ့ ပြစ်ဒဏ်ကျခံနေရချိန်မှာ သူမနဲ့ပတ်သက်တဲ့ ကိစ္စအဝဝကို လိုက်ပါဆောင်ရွက်ပေးခဲ့တာလည်းဖြစ်ပါတယ်။
- Mg Kaung