ကိုဗစ်ကာလမှာအခက်အခဲဖြစ်နေသူတွေကိုသွားရောက်လှူဒါန်းခဲ့တဲ့ ပိုင်ဖြိုးသု

ပိုင်ဖြိုးသုဟာ ကိုဗစ်ကာလအတွင်းမှာ စားဝတ်နေရေး အခက်အခဲကြုံနေရတဲ့ ဗဟန်းမြို့နယ်အတွင်းက အိမ်ထောင်စုလေးတွေကို We Love Yangon အဖွဲ့အစည်း နဲ့ အတူတူ သွားရောက် ကူညီခဲ့တယ်လို့ သိရပါတယ်။

ဒီအကြောင်းကို ပိုင်ဖြိုးသုက “လိုအပ်နေတဲ့ အချိန်၊ အမှန်တကယ်လိုအပ်နေတဲ့သူတွေ လိုအပ်တဲ့ ပစ္စည်းတွေ လှူဒါန်းရတာက တကယ်ကို မွန်မြတ်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။ သုသုက တော့ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဗဟန်းမြို့နယ်မှာ နေထိုင်တဲ့အိမ် ထောင်စု တွေကို နက်စ်လေမြန်မာရဲ့ ထုတ်ကုန် တွေ လဲလှယ်နိုင်မယ့်ကူပွန်တွေ ကို We Love Yangon အဖွဲ့ သားတွေနဲ့ အတူ သွားရောက်လှူဒါန်းပေးခဲ့ပါတယ်” လို့ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာမှရေးသားထားပါတယ်။ပိုင်ဖြိုးသုက အခက်အခဲကြုံနေရတဲ့ ပရိသတ်တွေကို သူမကိုယ်တိုင် သွားရောက်ကူညီခွင့် ရတာကြောင့်လည်း ပီတိဖြစ်နေတယ်လို့ ဆိုပါတယ်။

“အခုလို တစ်ထောင့်တစ်နေရာကနေ ကိုယ်တိုင် ပါဝင်ခွင့် ရတဲ့ အတွက် နက်စ်လေမြန်မာကို အားလုံးရဲ့ ကိုယ်စားကျေးဇူးတင်ပါတယ်။ လက်ခံရရှိတဲ့ မိသားစုတွေ ရဲ့ အပြုံး တွေကို ကြည့်ပြီး ရင်ထဲ မှာ တကယ်ကို ဝမ်းသာကြည်နူးမိပါတယ်။ သုသုရဲ့ Vitamin Ts လေးတွေလည်း ပုံလေးတွေ ကြည့်ပြီး ပျော်ရအောင်မျှဝေလိုက်ရပါတယ်နော်” လို့လည်း ဆက်လက် ရေးသားထားခဲ့ကိုတွေ့ရပါသေးတယ်။

  • Mg Kaung

Leave a Reply

Your email address will not be published.