ဆံပင်ပုံစံအသစ်ကိုချစ်သူက သိပ်ပြီးသဘောမကျဘူးလို့ဆိုလာတဲ့ ရဲရင့်အောင်

ရဲရင့်အောင်ဟာ ဆံပင်ပုံစံပြောင်းလိုက်တဲ့ အချိန်မှာ ချစ်သူလေး ဧငြိမ်းဖြူက ရုတ်တရက်တွေ့ရင်တောင် မမှတ်မိနိုင်လောက်တဲ့အထိဖြစ်သွားတယ်လို့ ဆိုပါတယ်။ ဧငြိမ်းဖြူကတော့ သူ့ကိုသပ်သပ်ရပ်ရပ် ပုံစံနဲ့မြင်ရတာပိုသဘောကျတဲ့အကြောင်း ရဲရင့်အောင်ကပြောပြလာပါတယ်။

“ ကျွန်တော့်ရဲ့ ဒီဆံပင်ပုံစံပြောင်းပြီး နောက်တစ်ရက် သူနဲ့တွေ့တော့ ရဲရင့်အောင်ဆိုတာကို သူလက်ခံလို့မရသေးဘူး။ ရုတ်တရက်တွေ့ရင် ရဲရင့်အောင် ဆိုတာကို သူ လက်မခံနိုင်သေးဘူးလို့တော့ ပြောတယ်။ သူက တကယ်တော့ သပ်သပ်ရပ်ရပ်ကြိုက်တဲ့သူ။ ဒါပေမယ့် ကျွန်တော်နဲ့ပေါင်းတော့မှ သူကိုယ်တိုင်လည်း ကို့ယို့ကားယားတွေ ဝတ်တတ်နေပါပြီ” လို့ သူကဆိုပါတယ်။ရှုပ်ရှုပ်ပွပွဖြစ်နေတဲ့ ဆံပင်စတိုင်လ်မျိုးကို သဘောကျတာကြောင့် ရဲရင့်အောင်က ဆံပင်ပုံစံကို သူ့ရဲ့ စိတ်တိုင်းကျပြောင်းလိုက်တာလို့ ဆိုပါတယ်။“ ကျွန်တော် ဒီဆံပင်ပုံလုပ်ချင်တာက အရင်တုန်းကတည်းကပါ။ ဆံပင်ကို ကောက်ပြီးတော့ ဖွပစ်လိုက်ချင်တဲ့ ဆန္ဒပေါ့နော်။

ပြီးတော့ တစ်ခုခုဆို အရမ်းကြီးပြင်ဆင်နေရတာ ကျွန်တော်နဲ့ အဆင်မပြေဘူးလို့ထင်တယ်။ စုတ်စုတ်ပြတ်ပြတ် ရှုပ်ရှုပ်ပွပွနေချင်လို့ပေါ့နော်။ ကျွန်တော့် ဘေးက လူတွေကတော့ ဘယ်လို ဘယ်လိုဆိုတာ Comment သိပ်မပေးကြဘူး” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ ရဲရင့်အောင်ဟာ သူ့ရဲမွေးနေ့ဖြစ်တဲ့ ပြီးခဲ့တဲ့ဩဂုတ်(၁၈)ရက်နေ့မှာ သူ့ရဲ့ဒုတိယမြောက်တစ်ကိုယ်တော်အယ်လ်ဘမ် G.O.A.T ကို ဖြန့်ချိခဲ့တာဖြစ်ပါတယ်။

  • Mg Kaung

Leave a Reply

Your email address will not be published.