ရုပ်ရည်နဲ့ပတ်သက်ပြီးဝေဖန်ခံရတဲ့အကြောင်းဖွင့်ဟလာတဲ့ အေးမြဖြူ

အေးမြဖြူကိုတော့ Myanmar Idol Season 4 သီချင်းဆိုပြိုင်ပွဲကနေတဆင့် ပရိသတ်တွေစတင်သတိထားမိလာခဲ့တာဖြစ်ပါတယ်။ အေးမြဖြူဟာ ပြိုင်ပွဲပြီးတဲ့နောက်မှာ ဂီတလမ်းကြောင်းကို စတင်ခြေလှမ်းလာသူဖြစ်ပြီး မကြာသေးခင်ကလည်း သူမရဲ့ ကိုယ်ပိုင်သီချင်းလေးထွက်ရှိခဲ့ပါသေးတယ်။

အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ပရိသတ်အားပေးမှုအခိုင်အမာရရှိထားတဲ့အေးမြဖြူက သူမရဲ့ ရုပ်ရည်နဲ့ပတ်သက်ပြီး ပြင်းပြင်းထန်ထန်ဝေဖန်ခံရတဲ့အကြောင်းကို ရင်ဖွင့်လာတာပါ။”သမီးက တော်ရုံအလှပြင်တာရှားတယ်ပေါ့။ Myanmar Plaza တို့ဘာတို့သွားရင်တောင် မပြင်ပဲ မျက်နှာပြောင်နဲ့သွားတာများတယ်။ အမေနဲ့ဆို ခဏခဏ ရန်ဖြစ်ရတာများတယ်။ Myanmar Idol တုန်းကဆို ဝက်ခြံတွေအရမ်းပေါက်နေလို့ဆိုပြီး အရမ်းအပြောခံခဲ့ရတယ် မလှဘူးပေါ့နော်။ သမီးအတွက်တော့ ဒါက Nature ပဲပေါ့နော်။ ဝက်ခြံမပေါက်တဲ့သူကမပေါက်သလို ဝက်ခြံပေါက်တဲ့သူကလည်းပေါက်ကို ပေါက်တယ်ပေါ့။အခုလည်းပေါက်နေတာပါပဲ။ ဒါပေမယ့်လည်း အရမ်းအပြောခံရတယ်ဆိုတော့တော်တော်စိတ်ညစ်ခဲ့ရပါတယ်” လို့ ဆိုပါတယ်။

ဒါ့အပြင် အေးမြဖြူက ” အဲ့လိုအပြောခံရပေမယ့် သမီးကတော့ စိတ်ထဲသိပ်မရှိပါဘူး အဲ့ဒီတုန်းက ပြိုင်ပွဲအတွက် ဖိအားက အဲ့ထပ် ၁၀ ဆ လောက်ရှိတာဆိုတော့ စိတ်ထဲဘာမှမရှိလိုတာပါ” လို့ဆက်လက်ပြောကြားသွားခဲ့ပါတယ်။

  • Mg Kaung

Leave a Reply

Your email address will not be published.