မွေးနေ့ကို ရိုးရှင်းစွာဖြတ်သန်းခဲ့တဲ့ သရုပ်ဆောင် မြတ်နိုးအေး

တက်သစ်စသရုပ်ဆောင်မြတ်နိုးအေးကတော့ ဒါရိုက်တာထူးပိုင်ဇော်ဦးရိုက်ကူးတဲ့ ” ည ” နဲ့ ” သူစိမ်းအိမ် ” ရုပ်ရှင်ဇာတ်ကားတွေတဆင့် ပရိသတ်တွေသတိထားမိလာတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ လက်ရှိမှာလည်းသူမဟာ ဒါရိုက်တာထူးပိုင်ဇော်ဦးရိုက်ကူးတဲ့ “Yangon In Love” ရုပ်ရှင်ဇာတ်ကားမှာပါဝင်သရုပ်ဆောင်နေတာပါ။

ပြီးခဲ့တဲ့ ဩဂုတ်လ(၁၅) ရက်နေ့လေးကတော့ မြတ်နိုးအေးရဲ့မွေးနေ့ရက်မြတ်လေးဖြစ်ပြီး သူ့ရဲ့မွေးနေ့လေးကို အလှူဒါနတွေပြုလုပ်ပြီး ရိုးရိုးရှင်းရှင်းပဲဖြတ်သန်းခဲ့တာကိုတွေ့ရပါတယ်။ ရိုက်ကွင်းက လုပ်ဖော်ကိုင်ဖက်တွေကို မွေးနေ့အလှူအနေနဲ့ ဆန်၊ဆီနဲ့ စားသောက်ကုန်တွေလှူဒါန်းပေးခဲ့ပြီး ခဝဲခြံမျက်မမြင်ကျောင်းက ကလေးတွေအတွက်လည်း ညနေစာနဲ့ မုန့်တွေ လှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။မြတ်နိုးအေးကတော့ အရင်နှစ်မွေးနေ့တွေကလည်းအခုလိုအလှူပြုလုပ်ဖြစ်ပေမယ့် ဒီနှစ်မွေးနေ့မှာတော့ အရင်ကထက် သုံးဆလောက် ပိုလှူဒါန်းပေးနိုင်တဲ့အပေါ်မှာ ဝမ်းသာဂုဏ်ယူကြောင်းလည်း ပြောကြားခဲ့ပါသေးတယ်။

ရုပ်ရှင်ဇာတ်ကားတွေမှာသာမက ရုပ်သံဇာတ်လမ်းတွဲတွေမှာပါ ပါဝင်သရုပ်ဆောင်ထားတဲ့ မြတ်နိုးအေးက “လိပ်ပြာ-အမှန်တရားတဲ့ဓါးတစ်လက်” ဇာတ်လမ်းတွဲမှာပါဝင်သရုပ်ဆောင်ခဲ့ဖူးသလို သူမ နောက်ထပ်ပါဝင်သရုပ်ဆောင်ထားတဲ့ “ရင်ခုန်သံ ၇၄ ရက်” ဇာတ်လမ်းတွဲဟာလည်း မကြာခင်မှာထုတ်လွှင့်ပြသတော့မှာဖြစ်ပါတယ်။

  • Mg Kaung

Leave a Reply

Your email address will not be published.