သရုပ်ဆောင်ကျော်ထူးကတော့ ဝါရင့်လူရွှင်တော်တစ်ဦးဖြစ်သလို ရုပ်ရှင်နဲ့ဗွီဒီယိုလောကမှာ နှစ်ပေါင်များစွာကျင်လည်လာခဲ့ပြီးဖြစ်တဲ့ ဟာသ သရုပ်ဆောင်တစ်ဦးလည်းဖြစ်ပါတယ်။သူ့အနေနဲ့ ကိုဗစ်ကာလရိုက်ကူးရေးတွေရပ်နားထားရတဲ့အချိန်မှာ စားဝတ်နေရေးအတွက် ဆန်ရောင်းချရဲ့လုပ်ငန်းကိုပြင်ပစီးပွားရေးလုပ်ငန်းတစ်ခုအဖြစ်လုပ်ကိုင်နေတာလည်းဖြစ်ပါတယ်။


ကျော်ထူးက ဆန်ကို ရုပ်ရှင်မင်းသား မင်းသမီးတွေကို အားကိုးပြီးရောင်းချပေမယ့် သူတို့ဆီ ဆန်နမူနာလေးပေးပြီး ကောင်းမှ အားပေးကြပါလို့ တောင်းဆိုဖို့ သွားခဲ့ပေမယ့် သူ့ကို လူချင်းတွေ့ဖို့နေနေသာသာ ခြံထဲတောင် အဝင်မခံပဲ အိမ်ဖော်နဲ့ပဲတွေခဲ့ရတဲ့အပေါ် အတော်လေးစိတ်မကောင်းဖြစ်နေပါတယ်။ရိုက်ကွင်းမှာ လုပ်ဖော်ကိုင်ဖက်တွေဖြစ်ပြီး ၊ ဇာတ်လမ်းတစ်ခုမှာလည်း အနုပညာမောင်နှမတွေ ဖြစ်ခဲ့ပေမယ့် မင်းသား မင်းသမီးနဲ့ ဇာတ်ပို့ ဇာတ်ရံတွေရဲ့ လုပ်အားခဟာ အဆမတန် ကွာခြားနေတဲ့အပြင်အခုလိုမျိုး လုပ်ရပ်တွေကြောင့် ကျော်ထူး တစ်ယောက် အတော်လေး စိတ်မကောင်းဖြစ်မိကြောင်း ပြောဆိုထားပါတယ်။


ဒီလိုကာလကြီးမှာ သူတို့က ကျွန်တော့ကို ပိုက်ဆံများချေးမလားဟဲ့ ဘာအကူအညီများတောင်းမလဲဆိုပြီး အတွေးတွေရှိကောင်းရှိမှာပေါ့နော်။ ဆန်လာပေးတာတောင် ခြံပေါက်ဝလေးမှာပဲ အိမ်ဖော်နဲ့တွေ့ပြီးပေးရတယ်။အိမ်ထဲတောင်အဝင်မခံဘူး။ဒါတောင်ကျွန်တော် ပိုက်ဆံလာတောင်းတာမဟုတ်ပါဘူး။ ကျွန်တော်ကတော့ နားလည်ပေးတယ်ဆိုပေမယ့် စိတ်ထဲမှာတော့တမျိုးကြီးခံစားရတာပေါ့ဗျာ” လို့ သရုပ်ဆောင်ကျော်ထူးက သူ့ရဲ့ခံစားချက်ကိုဖွင့်ဟသွားခဲ့တာဖြစ်ပါတယ်။
- Mg Kaung