အဆိုတော် အောင်ထက်ကတော့ ဒီနေ့ (ဩဂုတ်လ ၁၇ ရက်) မှာကျရောက်တဲ့ မွေးနေ့ကို အလှူအတန်းတွေ လုပ်ရင်း ဖြတ်သန်းခဲ့တာ တွေ့ရပါတယ်။ သူ့ရဲ့ မွေးနေ့ အလှူကို နာရေးကူညီမှုအသင်း(ရန်ကုန်) မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။



” တေးသံရှင် အဆိုတော် အောင်ထက် ၏ မွေးနေ့မွန်မြတ်အလှူ။ ပြည်သူချစ်သော တေးသံရှင် အဆိုတော်အောင်ထက် ၏ မွေးနေ့အထိမ်းအမှတ်အဖြစ် ယနေ့ နာရေးကူညီမှုအသင်း(ရန်ကုန်) တွင် အလှူငွေ (၃၀၀,၀၀၀) သုံးသိန်းကျပ်တိတိ နှင့် အာဟာရဒါန နေ့လည်ခင်းတွင် ” ထမင်း + ကြက်သားဟင်း ” တို့စရာ အစုံအလင်ဖြင့် လူ(၁၅၀)စာအတွက် ကျွေးမွေးလှူဒါန်းခဲ့ကြသည်” ဆိုပြီးတော့ သြဂုတ်လ ၁၇ ရက်နေ့ နေ့လယ် ၂ နာရီကျော်က နာရေးကူညီမှုအသင်း(ရန်ကုန်)ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားခဲ့တာကိုတွေ့ရပါတယ်။



ဒါ့အပြင်အောင်ထက်အနေနဲ့ မွေးနေ့မှာ သံဃာတော်တွေကို၎င်းရဲ့နေအိမ်သို့ပင့်ဖိတ်ပြီး ဆွမ်းနဲ့လှူဖွယ်ပစ္စည်းများဆပ်ကပ်လှူဒါန်းခဲ့တဲ့ ဓာတ်ပုံတွေကိုလည်း သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေဝေမျှခဲ့သလို “ယနေ့ မွေးနေ့အလှူ … ကျွန်တော်နဲ့အတူပါဝင်ကုသိုလ်ပြုကြတဲ့ မိသားစုတွေအားလုံးအေးချမ်းငြိမ်းချမ်းကြပါစေ။ ကုသိုလ်အားလုံးကို အမျှဝေပါတယ် ” လို့ရေးသားဖော်ပြထားခဲ့ပါသေးတယ်။တေးသံရှင်အောင်ထက်ရဲ့ မွေးနေ့အလှူအတန်းတွေအတွက် သူ့ကိုချစ်တဲ့ပရိသတ်များကလည်းသာဓု(၃)ကြိမ်ခေါ်ဆိုပေးခဲ့ကြတာကိုတွေ့ရပါတယ်။
- Mg Kaung