သက်ကြီးလူရွှင်တော်များအတွက် သရုပ်ဆောင်နေတိုး ငွေကျပ်(၁၀)သိန်းလှူဒါန်း

သရုပ်ဆောင်နေတိုးဟာ ကိုဗစ်ကာလအတွင်းမှာ စားဝတ်နေရေး အဆင်မပြေကြသူတွေအတွက် မကြာခဏ အလှူအတန်းတွေ လုပ်နေတာ တွေ့ရပါတယ်။ အခုဆိုရင်လည်း သက်ကြီးလူရွှင်တော်များ အတွက် ငွေကျပ်(၁၀) သိန်းကို လှူဒါန်းခဲ့တယ်လို့သိရပါတယ်။

ဒီအကြောင်းကို နေတိုးက ” ဒီနေ့ သက်ကြီးလူရွှင်တော်ကြီးများအတွက်( ၁၀)သိန်းလှူဖြစ်ပါတယ်။ အလှူကို” ပါလေရာ” စားသောက်ကုန် (၅)သိန်းဖို:ဝယ်ယူလှူဒါန်းခဲ့ရာမှာ” ပါလေရာ”မိသားစုနဲ့ကိုရွှေမန်းတို့ကလဲ ၅သိန်းဖို့ထပ်မှန်လှူဒါန်းပေးခဲ့ပါတယ် စုစုပေါင်း( ၁၅ )သိန်းဖိုးဖြစ်ပါတယ်ခင်ဗျာ။ အခုလှူလိုက်သော” ပါလေရာ”စားသောက်ကုန်များကို တော့လူရွှင်တော်များမှပရိသတ်များကို live လွှင့်ရောင်းချပေးသွားမှာဖြစ်တယ်လိုသိရပါတယ်။ ပရိသတ်များလည်းအမှတ်တရအနေနဲ့ဝယ်ယူအားပေးကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ခင်ဗျာ။ ပရိသတ်များအားလုံးလဲကုသိုလ်အမျှရကြပါစေ။ နွေးထွေးမှုများစွာဖြင့်….နေတိုး” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

နေတိုးရဲ့ အလှူငွေကိုတော့ လူရွှင်တော် ငြိမ်းချမ်း၊ ကောင်းကျော် နဲ့ ဒိန်းဒေါင်တို့က သက်ကြီးလူရွှင်တော်ကြီးများကိုယ်စား လက်ခံရယူပေးခဲ့ပါတယ်။ မကြာသေးခင်ကလည်း နေတိုးဟာ အနုပညာလောကသားတွေ ထဲက တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ထူးထူးချွန်ချွန်အောင်မြင်ခဲ့သူတွေ ဖြစ်တဲ့ ဒါရိုက်တာ အောင်ဇော်လင်းရဲ့ သမီးလေး မမေသူချစ် နဲ့ ဒါရိုက်တာ အောင်ဗပါဝါ သမီးလေး ဂျူလီယာပါဝါ တို့ကို အတွက် ဂုဏ်ပြုချီးမြှင့် ငွေပေးအပ်ခဲ့သေးတယ်လို့သိရပါတယ်။

  • Mg Kaung

Leave a Reply

Your email address will not be published.