“စည်း” ဇာတ်လမ်းတွဲအတွက် ဆန်ခါတင်ရွေးချယ်ထားသော သရုပ်ဆောင်များအားမိတ်ဆက်

King 7 Dynasty Production မှ အွန်လိုင်းပေါ်တွင်ကျော်ကြားခဲ့သော စာရေးဆရာမ အကြင်နာမွန်ရဲ့ “စည်း” အမည်ရှိအခန်းဆက်ဝတ္ထုကို မကြာမီရုပ်သံဇာတ်လမ်းတွဲအဖြစ် ရိုက်ကူးထုတ်လုပ်မည်ဖြစ်ပြီးအဆိုပါဇာတ်လမ်းတွဲအတွက် သရုပ်ဆောင်သစ်များကိုခေါ်ယူထားကြောင်းသိရပါတယ်။

ပထမဆုံးအနေနနဲ့ မင်းသူ ကာရိုက်တာ နေရာတွင် သရုပ်ဆောင်ရန်အတွက် သရုပ်လေးဦးကို ဆန်ခါတင်ရွေးချယ်ပြီး ၎င်းတို့လေးဦးကို သြဂုတ် ၁၆ ရက်ကအသိပေးမိတ်ဆက်ခဲ့ပါတယ်။အဆိုပါဆန်ခါတင်ရွေးချယ်ခံရတဲ့သရုပ်ဆောင်များအနေနဲ့နောက်ဆုံးအဆင့် Make up test, camera test, script test, acting test များအား သက်ဆိုင်ရာ ဇာတ်ရုပ်အလိုက် လုပ်ရမှာလည်းသိရပါတယ်။အဆိုပါဇာတ်လမ်းတွဲရဲ့အခြားဇာတ်ကောင်နေရာများဖြစ်တဲ့ ခွန်းဆက်က်ပိုင် ၊ ခွန်းထက်ပိုင် ၊မင်းသူ၊ ရန်နိုင်တို့ရဲ့ ဇာတ်ကောင်နေရာများအတွက် အဓိကဇာတ်ဆောင် အမျိုးသားနှစ်ဦးနဲ့အဓိက ဇာတ်ပို့အတွက် အမျိုးသားနှစ်ဦးတို့အား ရွေးချယ်သွားမယ်လို့သိရပါတယ်။

လက်ရှိအချိန်အထိ အဆိုပါနေရာများတွင် သရုပ်ဆောင်ရန်အတွက် လာရောက် လျှောက်ထားသူဦးရေ တစ်ထောင်ကျော်သွားပြီလို့လည်းသိရပါတယ်။

  • Mg Kaung

Leave a Reply

Your email address will not be published.