Bo Bo Music Production ကနေ ဖြန့်ချိမယ့် အဆိုတော်ရဲရင့်အောင်ရဲ့ g.o.a.t လို့အမည်ရတဲ့ဒုတိယမြောက် တစ်ကိုယ်တော် တေးအယ်လ်ဘမ်မိတ်ဆက်ပွဲကို ဩဂုတ် ၁၆ ရက်နေ့က ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။”g.o.a.t ဆိုတဲ့ ခေါင်းစဉ်ကို ပေးဖြစ်တာကတော့ ကျွန်တော်ကြိုက်လို့ပါ။



g.oa.t ဆိုတဲ့နာမည်နဲ့ သီချင်းတော့ မပါပါဘူး။ ဒီအယ်လ်ဘမ်ကို ဒီလိုခေါင်းစဉ်ပေး ဖြစ်တာကတော့ ကျွန်တော်တစ်ခွေလုံးစာအတွက် ခြုံငုံ ပြီးပေးဖြစ်လိုက်တာပါ” လို့ အဆိုတော်ရဲရင့်အောင်က ပြောပြခဲ့ပါတယ်။အဆိုပါတေးအယ်လ်ဘမ်မှာတော့သူဖြတ်သန်းခဲ့ရသတဲ့ဂီတ ကာလအတွင်းခံစားခဲ့ရသည့် အကြောင်းအရာများကို ပုံဖော်ထားတဲတေးသီချင်း ၁၂ ပုဒ် ပါဝင်တယ်လို့ ရဲရင့်အောင်ကဆိုပါတယ်။ g.o.a.t တေးအယ်လ်ဘမ်ကို အဆိုတော်ရဲရင့် အောင်ရဲ့အသက်(၂၇)နှစ်ပြည့်မွေးနေ့ဖြစ်တဲ့ ဩဂုတ် ၁၈ ရက်တွင် စတင်ဖြန့်ချိပေးသွားမယ်လို့လည်းသိရပါတယ်။



ရဲရင်အောင့်အနေနဲ့ မကြာသေးခင်ကရက်ပိုင်းအတွင်းကလည်း g.o.a.t တေးအယ်လ်ဘမ်ရဲ့ နမူနာဗွီဒီယိုကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေဝေမျှခဲ့ပြီး ပရိသတ်တွေအထူးစိတ်ဝင်စားနှစ်သက်ခြင်းကိုရရှိခဲ့ပါတယ်။
- Mg Kaung