Social Media ပိုင်းနဲ့ပတ်သက်ရင် သဇင်ထူးမြင့်ဆီက သင်ယူရတယ်ဆိုတဲ့ ထွန်းဝီရ

တစ်ချိန်က ကလေးသရုပ်ဆောင်တစ်ယောက်ဖြစ်ခဲ့တဲ့ ထွန်းဝီရကတော့ အရွယ်ရောက်လာပြီးနောက်ပိုင်း လူငယ်သရုပ်ဆောင်တစ်ဦးအဖြစ် အနုပညာလောကထဲကို ထပ်မံခြေလှမ်းလှမ်းနေပြီဖြစ်ပါတယ်။ သူ့အနေနဲ့ လက်ရှိမှာ “ဆိုးပေ” ရုပ်သံဇာတ်လမ်းတွဲမှာပါဝင်သရုပ်ဆောင်သွားဖို့ရှိနေပြီး အဲ့ဒီဇာတ်လမ်းတွဲမှာ သူနဲ့အတူပါဝင်သရုပ်ဆောင်မယ့် သဇင်ထူးမြင့်နဲ့ ရင်းနှီးပုံတွေကိုအခုလိုပြောပြလာပါတယ်။

“ မသဇင်ထူးမြင့် နဲ့က သီချင်းရိုက်တော့မှ စပြီးခင်ကြတာ၊ နှစ်ယောက်စလုံးက အနေအေးတော့ စကား သိပ်မပြောဖြစ်ကြဘူး။ ရိုက်ကူးရေးတွေလုပ်ပြီးတော့ မုန့်တွေဘာတွေ စားရင်း စကားပြောမိတော့မှ သူက တကယ်ကို သဘောကောင်းတဲ့ သူတစ်ယောက်ပါ။ လိုအပ်တာတွေရှိရင် ကျွန်တော့်ကို ပြောပြပေးတယ်။ သူကိုယ်တိုင် ရွှေကြိုတစ်ယောက်ဖြစ်ခဲ့တုန်းက အမှတ်တရတွေကိုလည်း ပြောပြတယ်။ တကယ်ကို အစ်မတစ်ယောက်လို ကူညီပေးတဲ့သူပါ” ဆိုပြီးတော့ ပြောပြလာပါတယ်။

“ သူကကျတော့ Social influencer တစ်ယောက်ဖြစ်တယ်၊ ကျွန်တော်က ဘာမှ သေချာ သိသေးတာ မဟုတ်သလို အတွေ့အကြုံ နုသေးတော့ Social Media ပေါ်မှာ ကျွန်တော် ဘယ်လိုမျိုးနေထိုင်ရမယ်၊ ပရိသတ်နဲ့ အဆက်မပြတ်သွားအောင် ဘယ်လိုနေရမလဲ ဆိုတာတွေကို ကျွန်တော်ကလည်း အများဆုံး မေးဖြစ်သလို သူကလည်း ပြောပြပေးပါတယ်” လို့ ဆက်လက် ​ပြောပြခဲ့ပါတယ်။ မျက်နှာသစ်လူငယ်သရုပ်ဆောင်နှစ်ဦးဖြစ်တဲ့ ထွန်းဝီရနဲ့ သဇင်ထူးမြင့်တို့ဟာ ဒါရိုက်တာခင်လှိုင် ( ဥာဏ်ကြီးရှင် ) ရိုက်ကူးမယ့် ဆိုးပေ ဇာတ်လမ်းတွဲမှာအတူတကွပါဝင်သရုပ်ဆောင်ကြမှာဖြစ်ပါတယ်။

  • Mg Kaung

Leave a Reply

Your email address will not be published.