ပိုင်တံခွန်ဟာ အနုပညာလောကထဲကို မော်ဒယ်လ် တစ်ယောက်အနေနဲ့ စတင်ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ အခုဆိုရင်တော့ သူဟာ နိုင်ငံတကာမှာရှိတဲ့ အနုပညာရှင်တွေနဲ့လည်း လက်တွဲအလုပ်လုပ်နေရသူ တစ်ယောက်ဖြစ်ပါတယ်။ သူက မော်ဒယ်လ်အလုပ်သာမက သရုပ်ဆောင်တစ်ယောက်အဖြစ် ရုပ်ရှင်ကားကြီးတွေလည်း ရိုက်ကူးနေရပြီဖြစ်ပါတယ်။



ဂီတဘက် ကိုလည်း ဝါသနာပါတာကြောင့် သူ့ရဲ့ တစ်ကိုယ်တော် Mini Album လေးဖြစ်တဲ့ “ချစ်သူ” ဆိုတဲ့ တေးစီးရီးကိုလည်း ၂၀၁၇ ခုနှစ်တုန်းကထွက်ရှိခဲ့ဖူးတာဖြစ်ပါတယ်။ပိုင်တံခွန်အနေနဲ့ ကိုဗစ်ကာလ အနုပညာအလုပ်တွေ ရပ်နားထားခဲ့ရတဲ့ အချိန်မှာသူ့ရဲ့ အနုပညာဝမ်းစာဖြည့်ဖို့ ရုပ်ရှင်ဇာတ်ကားတွေ ကြည့်ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ ကာတွန်းကားထဲက လှုပ်ရှားမှုလေးတွေကို ပိုသဘောကျတာကြောင့် ကာတွန်းကားလေးတွေ ကြည့်တာများတယ်လို့လည်းဆိုပါတယ်။



“ ကျွန်တော် ကိုဗစ်ကာလမှာ သရုပ်ဆောင် အနေနဲ့ ဝမ်းစာဖြည့်တဲ့အရာက ကာတွန်းကားလေးတွေ ပိုကြည့်ဖြစ်တယ်။ ကျွန်တော်က ကာတွန်းကားပိုကြိုက်တယ်။ avengers ဇာတ်ကားတွေ ကြည့်တယ်။ ကာတွန်းကားထဲမှာ ကာတွန်းဇာတ်ကောင်လေးတွေရဲ့ လှုပ်ရှားမှုလေးတွေက ပိုပြီးတော့ အသက်ဝင်တယ်။ ဥပမာ ကြောင်နဲ့ ကြွက်လိုပေါ့။ စိတ်ဆိုးရင်လည်း စိတ်ဆိုးတဲ့ အမူအရာလေးတွေ ကြိုက်တယ်”လို့ သူကပြောပြခဲ့ပါတယ်။
- Mg Kaung