မိုးနတ်သား ကာရိုက်တာအကြောင်းရှင်းပြလာတဲ့ ခါရာ

ဩဂုတ်လ (၂၄) ရက်နေ့က စပြီး MNTV ကနေ ထုတ်လွှင့်ပြသသွားမယ့် ရင်ခုန်သံ(၇၄)ရက် ရုပ်သံဇာတ်လမ်းတွဲမှာ သရုပ်ဆောင် ခါရာကို”မိုးနတ်သား” ကာရိုက်တာနဲ့ ပရိသတ်တွေ မြင်တွေ့ရမှာပါ။ ဒီဇာတ်လမ်းတွဲ နမူနာကို ခါရာရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ဩဂုတ်လ(၅) ရက်နေ့တုန်းက မိတ်ဆက်ခဲ့တာဖြစ်ပြီး မိုးနတ်သား ကာရိုက်တာကို ပရိသတ်များစွာက စိတ်ဝင်စားခဲ့ကြပါတယ်။ ဒီဇာတ်ကောင်အတွက် ခါရာရဲ့ ကြိုးစားအားထုတ်မှုတွေကိုပြောပြလာပါတယ်။

“ ဒီဇာတ်ကောင်ကို သေချာနားလည်အောင်လုပ်တယ်။ ဇာတ်ညွှန်းရေးဆရာ နဲ့ ဒါရိုက်တာ ဖန်တီးချင်တဲ့ ဇာတ်ကောင် အပြင် ကျွန်တော့်ရဲ့ ကိုယ်ပိုင် အိုင်ဒီယာလေးလည်း ထည့်ထားတယ်။ ကိုယ်ကသရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ အတွက် ကိုယ့်ဘာသာကိုယ် ဖန်တီးမှုလည်း ပါရမယ်လို့ ခံယူထားတဲ့ အတွက် ဒီဇာတ်ကောင်ကို ပုံဖော်တဲ့နေရာမှာ အတွေးတွေရော၊ သရုပ်ဆောင်မှုတွေရော ထည့်ထားတယ်။ ဒီကာရိုက်တာ အတွက် ရှိန်နေတာ၊ ကြောင်နေတာမျိုးတော့ မရှိဘူး” လို့ သူက ဆိုပါတယ်။ ဒါ့အပြင် “ ဒီကာရိုက်တာက သူ့ရဲ့ ထူးခြားမှုတွေရှိတယ်။ မိုးနတ်သားကာရိုက်တာ ဖြစ်တာကြောင့် လူတစ်ယောက်လို သွားနေလို့ကလည်း မရဘူး။ ဒါကြောင့် လမ်းလျှောက်ပုံ၊ စကားပြောပုံတွေက အစပေါ့နော်။ လမ်းလျှောက်တာကလည်း ပုံမှန် ကျွန်တော် လမ်းလျှောက်နေတာနဲ့ မတူဘူး။ ရိုက်ကွင်းပေါ်မှာတောင်မှ ကျွန်တော် လမ်းလျှောက်ရင် ကာရိုက်တာထဲက မိုးနတ်သားလို လမ်းလျှောက်တဲ့ ပုံစံမျိုးပဲ လျှောက်နေမိတာ။

မိုးနတ်သား ရဲ့ လမ်းလျှောက်မှု ပုံစံတွေကို ပရိသတ်က ထူးထူးခြားခြား မြင်တွေ့ရဦးမှာပါ” လို့လည်းဆက်လက် ပြောပြလာပါတယ်။ ရင်ခုန်သံ(၇၄) ရက် ရုပ်သံဇာတ်လမ်းတွဲကို ဩဂုတ်လ(၂၄) ရက်နေ့ကစပြီး MNTV Channel မှာ ထုတ်လွှင့်ပြသသွားမှာပါ။ ဒီဇာတ်လမ်းတွဲကို Bonanza ထုတ်လုပ်ရေးမှထုတ်လုပ်ပြီး ဒါရိုက်တာ မေဘရဏီက ပုံဖော်ရိုက်ကူးထားကာ သရုပ်ဆောင် ခါရာ၊ မိုးယံဇွန်၊ ထက်ဦးထွဋ်၊ မြတ်နိုးအေး၊ ပြည့်ဝတီမောင် နဲ့ မေသူထွန်း တို့က အဓိက ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။

  • Mg Kaung

Leave a Reply

Your email address will not be published.