သားဖြစ်သူရဲ့ မွေးနေ့တွက်နာရေးကူညီမှုအသင်းမှာလှူဒါန်းခဲ့တဲ့ မျိုးသန္တာထွန်း

သရုပ်ဆောင် မျိုးသန္တာထွန်းကတော့ သူမရဲ့ တစ်ဦးတည်းသော သားလေး မျိုးမောင်မောင်ရဲ့ မွေးနေ့ အမှတ်တရအနေနဲ့ နာရေးကူညီမှုအသင်းမှာ အလှူအတန်းတွေ လုပ်ပေးခဲ့တာ တွေ့ရပါတယ်။

” မောင်မျိုးမောင်မောင် မွေးနေ့ အာဟာရဒါန မွန်မြတ်အလှူ။ ရန်ကုန်မြို့နေ အလှူရှင် ဦီးသန်းညွန့် + ‌ဒေါ်မျိုးသန္တာထွန်း (ရုပ်ရှင်သရုပ်ဆောင်) တို့၏ သား – မောင်မျိုးမောင်မောင် အသက်(၂၈) နှစ်ပြည့် မွေးနေ့အလှူအား နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် နံနက်ခင်းစာ ” မုန့်ဟင်းခါး” ဖြင့်အာဟာရဒါနကျွေးမွေးလှူဒါန်းပါသည်” ဆိုပြီးတော့ နာရေးကူညီမှုအသင်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ သြဂုတ်လ ၁၄ ရက်နေ့ညနေ ၂ နာရီကျော်က တင်ခဲ့တာ တွေ့ရပါတယ်။ မျိုးသန္တာထွန်းနဲ့ သားဖြစ်သူ မျိုးမောင်မောင်တို့ ပြုလုပ်ပေးခဲ့တဲ့ အာဟာရဒါနအလှူအတန်းနဲ့ ပတ်သက်ပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)၏ စေတနာ့ဝန်ထမ်းများ ၊ စေတနာ့လုပ်အားပေးအသင်းသား၊ အသင်းသူများကလည်း ကျေးဇူးအထူးတင်စကားဆိုခဲ့ပါတယ်။ အဲဒီနောက် ကဒ်ခေါင်း (၁၀) ကဒ်စာ အတွက် လိုအပ်တဲ့ ငွေကြေးကိုလည်း လှူဒါန်းခဲ့ပြန်သေးတယ်လို့ သိရပါတယ်။

” နာရေးကူညီမှုအဖြစ် ကဒ်ခေါင်း(၁၀)ကဒ်စာအတွက် အလှူငွေ (၅၀,၀၀၀)ငါးသောင်းကျပ်တိတိအား ထပ်မံလှူဒါန်းခဲ့ပါသည်။ (၇)ရက်သားသမီးအပေါင်း စိတ်ချမ်းသာ ၊ ကိုယ်ကျန်းမာစွာဖြင့် ရောဂါကပ်ဘေးမှ အမြန်ဆုံးလွတ်မြောက်၍ ပျော်ရွှင်စရာနေ့သစ်များကို ပိုင်ဆိုင်နိုင်ကြပါစေ …” ဆိုပြီးတော့လည်း ဆက်လက် ဆုတောင်းပေးခဲ့ပါတယ်။

  • Mg Kaung

Leave a Reply

Your email address will not be published.