ဆိုးပေ ဇာတ်လမ်းတွဲမှာပါဝင်မယ့်အကြောင်းပြောပြလာတဲ့ ထွန်းထွန်း

သရုပ်ဆောင် ထွန်းထွန်းကတော့ “ဆိုးပေ” ရုပ်သံဇာတ်လမ်းတွဲထဲမှာ မင်းရွှေရောင်ထင် ရဲ့ အစ်ကိုအဖြစ် ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ ဒီဇာတ်ကားထဲမှာ သူဟာ အဓိကဇာတ်ကောင် နေရာက ပါဝင်ပေးသွားမှာ မဟုတ်ဘူးလို့ ပြောပြလာပါတယ်။ “ ဆိုးပေ ဇာတ်လမ်းတွဲထဲမှာ ကျွန်တော်က ဆိုးပေရဲ့ အစ်ကို နေရာကနေ ပါဝင်သရုပ်ဆောင်မှာပါ။ ကလေးတွေ အတွက် ပါဝင်အားဖြည့်ရတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။

Main ကာရိုက်တာကတော့ ကလေးတွေပါပဲ။ ကျွန်တော်တို့ ပိုင်ဖြိုးသု တို့က ကလေးတွေကို ပံ့ပိုးပေးဖို့ လာရိုက်ကူးပေးခြင်းပေါ့။ ဒီမှာဆိုရင် ကလေးဇာတ်လေးတွေက ရှားတယ်လေ ဒါကြောင့်လည်း ဇာတ်ကားရိုက်ဖို့ လက်ခံဖြစ်သွားတာပါ” လို့ သူက ဆိုပါတယ်။ကလေးတွေနဲ့ အတူတွဲ သရုပ်ဆောင်ရမှာ ဖြစ်လို့လည်း အရမ်းပျော်တယ်လို့ ထွန်းထွန်းကပြောပါတယ်။“ ကျွန်တော်က တကယ်ဆိုရင် လူ့သဘာဝ အရ စိတ်မရှည်တတ်ဘူးပေါ့နော်။ ဒါပေမယ့် ကလေးတွေနဲ့ ပတ်သက်လာရင်တော့ စိတ်ရှည်တယ်။ ကိုယ်တိုင်ကလည်း ကလေးလေးတွေဆို ချစ်တတ်တယ်။

အခုတောင် ဇာတ်လမ်းတွဲရိုက်ရင် ကလေးတွေရဲ့ အလွှဲလေးတွေ၊ ဟန်ပန်လေးတွေက ချစ်စရာကောင်းနေတော့ ကျွန်တော့် အတွက် အမောပြေမှာပါ” လို့ ဆက်လက် ပြောပြလာပါတယ်။ဆိုးပေ ရုပ်သံဇာတ်လမ်းတွဲထဲမှာတော့ ကလေးသရုပ်ဆောင်များ အနေနဲ့ မင်းရွှေရောင်တင်၊ လပြည့်ထွန်း၊ သုတအောင်၊ စွမ်းစွမ်း၊ သူရမြင့်မြတ်ကျော်၊ ရှိုင်းဝဏအောင်၊ သုမန်အောင် နဲ့ အိန်ဂျယ်ဝတ်မှုံတို့က ပါဝင်သရုပ်ဆောင် ကြမှာဖြစ်ပါတယ်။

  • Mg Kaung

Leave a Reply

Your email address will not be published.