မွေးနေ့မှာဝါဆိုသင်္ကန်းကပ်လှူခဲ့တဲ့ သရုပ်ဆောင်မိုးအောင်ရင်

ပြီးခဲ့တဲ့ ဩဂုတ်လ (၁၃)ရက်နေ့လေးကတော့ ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင် မင်းသားချော မိုးအောင်ရင်ရဲ့ မွေးနေ့ရက်မြတ်ကျရောက်တဲ့ နေ့ရက်လေးပဲဖြစ်ပါတယ်။ မိုးအောင်ရင်ဟာ သူ့ရဲ့မွေးနေ့မှာ သံဃာတော်တစ်ပါးကို အိမ်သို့ပင့်ဖိတ်ပြီး မွေးနေ့အလှူနဲ့အတူ ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းခဲ့တာတွေ့ရပါတယ်။

ဒီအကြောင်းကို မိုးအောင်ရင်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာ “မွေးနေ့အတွက် ဝါဆိုသင်္ကန်းအလှူ…Happy birthday to me..”လို့ ရေးသားဖော်ပြထားခဲ့ပါတယ်။ ဒီလိုမွန်မြတ်လှတဲ့သူ့ရဲ့အလှူပေါ်မှာ သူ့ကိုချစ်တဲ့ပရိသတ်တွေကလည်းသာဓု(၃)ကြိမ်ခေါ်ဆိုခဲ့ကြပါသေးတယ်။

သရုပ်ဆောင်မိုးအောင်ရင်ဟာ မူးယစ်ဆေးဝါးမှုနဲ့ထောင်ကျနေရာမှပြန်လည်လွတ်မြောက်လာပြီးနောက်မှာအနုပညာလုပ်ငန်းတွေပြန်လည်လုပ်ကိုင်နေသူပါ။ လတ်တလောမှာတော့ ချစ်သူဟောင်းဖြစ်သူ မခင်မြတ်နိုးရဲ့ ကာမလိမ်လညရယူမှုနဲ့တရားစွဲဆိုခြင်းကိုခံထားရတာကြောင့် အမှုရင်ဆိုင်နေသူလည်းဖြစ်ပါတယ်။

  • Mg Kaung

Leave a Reply

Your email address will not be published.