ချစ်သူသက်တမ်း ( ၂ ) နှစ်ပြည့်မြောက်ခဲ့တဲ့ သားဂန်း နဲ ဘေဘီမောင်တို့စုံတွဲ

အဆိုတော်သားဂန်းနဲ့သရုပ်ဆောင်ဘေဘီမောင်တို့ကတော့ မြန်မာနိုင်ငံရဲ့ဆယ်လီစုံတွဲတွေထဲကတစ်တွဲပါ။ တစ်ဦးကိုတစ်ဦးအရမ်းချစ်ကြတဲ့ မနဲ့မောင်စုံတွဲလေးအဖြစ် အများကအားကျရတဲ့စုံတွဲတစ်တွဲလည်းဖြစ်ပါတယ်။

မနေ့က ဩဂုတ် ၁၂ရက်နေ့မှာသားဂန်းနဲ့ ဘေဘီမောင်တို့ ချစ်စရာစုံတွဲလေးကတော့ ချစ်သူ သက်တမ်း(၂)နှစ်ပြည့်သွားခဲ့ပြီလို့သိရပါတယ်။သားဂန်းကတော့ ချစ်သူသက်တမ်း (၂)နှစ်ပြည့်နေ့လေးအတွက်ကို “ဒီကမ္ဘာကြီးတစ်ခုလုံးမှာ သူမ ရင်ခွင်တစ်ခုကိုပဲ တမ်းတမ်းတတဖက်တွယ်ခဲ့တာ သူမ ရှိနေရင် ကဣစ္ဆာသယပမာ ကျွန်တော်ဘဝပြည့်စုံခဲ့တာပါ။ ကျွန်တော်တို့ချစ်ခြင်းမှတ်တိုင်(၂)နှစ်ပြည့်ခဲ့ပြီလေ”လို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ အမှတ်တရစကားလေးတွေဆိုထားပါသေးတယ်။

သားဂန်းနဲ့ ဘေဘီမောင်တို့ စုံတွဲလေးရဲ့အမာခံပရိသတ်တွေကလည်း သားဂန်းနဲ့ ဘေဘီမောင်တို့စုံတွဲလေးရဲ့ ချစ်သူသက်တမ်း (၂)နှစ်ပြည့်လေးအတွက် အမှတ်တရလက်ဆောင်လေးတွေကို ပို့ပေးခဲ့တာကြောင့် လက်ဆောင်လေးတွေအတွက် ကျေးဇူးတင်ကြောင့်ကိုလည်း သားဂန်းက သူ့ရဲ့ လူမှုကွန်ရက်မျက်နှာကနေဖော်ပြထားခဲ့ပါသေးတယ်။

  • Mg Kaung

Leave a Reply

Your email address will not be published.