ပြီးခဲ့တဲ့ ဩဂုတ်လ (၁၀)ရက်နေ့ကတော့ ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင် မင်းသမီးချောလေး အကယ်ဒမီ ဝတ်မှုံရွှေရည်ရဲ့မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်ကတော့ ဒီနှစ်မွေးနေ့လေးအတွက်ကို မွေးနေ့ရက်မတိုင်ခင်ကတည်းက မွေးနေ့အလှူလေးတွေပြုလုပ်နေခဲ့တာပါ။



သူမဟာ လက်ရှိနေထိုင်တဲ့ ရန်ကုန်မြို့မှာသာမက မွေးရပ်မြေဖြစ်တဲ့ မိုးကုတ်မြို့မှာလည်း မွေးနေ့အလှူလေးပြုလုပ်ခဲ့ပါသေးတယ်။ မိုးကုတ်မြို့ ကုတင်(၁၀၀)ဆန့်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတဲ့ လူနာတွေ လူနာစောင့်တွေနဲ့ တာဝန်ကျဆရာ၊ ဆရာမတွေ (စုစုပေါင်း လူအယောက် ၄၅၀စာ)အတွက် အာဟာရဒါနကုသိုလ်ပြုလှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။


ဝတ်မှုံရွှေရည်အနေနဲ့ အခုမွေးနေ့အလှူလေးကို ကိုယ်တိုင်သွားရောက်မလှူနိုင်ခဲ့ပေမဲ့ အလှူလေးဖြစ်မြောက်အောင်ကူညီပေးကြတဲ့ အမျိုးတွေ၊ ရပ်ဆွေရပ်မျိုးတွေနဲ့ လုပ်အားပေးကြတဲ့ သူတွေကိုလည်း ကျေးဇူးတင်ရှိကြောင်း ပြောဆိုထားခဲ့ပါသေးတယ်။ ဒါ့ကြောင့် celepedia ပရိသတ်တွေအနေနဲ့လည်း သူမရဲ့ အလှူလေးကိုကြည့်ပြီး မုဒိတာပွား သာဓုခေါ်ဆိုနိုင်အောင် အခုလိုဖော်ပြပေးလိုက်ရပါတယ်။
- Mg Kaung