သရုပ်ဆောင်အလှမယ် နန်းခင်ဇေယျာက မန္တလေးမြို့မှ ပရိသတ်များအတွက် ၎င်းကိုယ်တိုင်မာလာရှမ်းကောရောင်းချ၍ ရရှိလာသည့် အမြတ်ငွေများဖြင့်မန္တလေးမြို့မှသက်ကြီး အဘိုး၊ အဘွား ၁၀ ဦးအား ဆန်၊ ဆီ ၊ ထမင်းဘူးနှင့်ငွေများ လှူဒါန်းခဲ့ကြောင်း သိရပါတယ်။ ကိုဗစ်(၁၉)ရောဂါကြောင့် အနုပညာအလုပ်များရပ်နားထားရချိန်တွင် ၎င်းကိုယ်တိုင်ပြုလုပ်ထားတဲ့နန်းခင်ဇေယျာမာလာရှမ်းကောကိုရန်ကုန်မြို့ရှိပရိသတ်များအတွက်အွန်လိုင်းမှတစ်ဆင့် ရောင်းချပေးခဲ့ပါတယ်။




မန္တလေးမှပရိသတ်များအတွက် ယခုလအတွင်း ကိုယ်တိုင်သွား ရောက် ရောင်းချပေးခဲ့ခြင်းဖြစ်ပါတယ်။“နန်းခင်လှူဒါန်းပေးခဲ့တဲ့ အလှူ လေးကလည်းလာရောက်အားပေးကြတဲ့ Customers တစ်ယောက်ချင်းစီရဲ့ အလှူဖြစ်တာမို့အားလုံးလည်းကောင်းမှု ကုသိုလ်များရကြပါစေရှင့်”ဟု သရုပ်ဆောင်အလှမယ် နန်းခင်ဇေယျာက ရေးသားဖော်ပြထားပါတယ်။မန္တလေးမြို့တွင်မာလာရှမ်းကော သွားရောက်ရောင်းချ၍ ရရှိလာသည့် အမြတ်ငွေများဖြင့် သက်ကြီးအဘိုး၊ အဘွားများအား လိုက်လံလှူဒါန်းဖြစ်သည့် အလှူ ဗီဒီယိုဖိုင်ကိုလည်း သြဂုတ် ၁၀ ရက်တွင် ၎င်း၏ လူမှုကွန်ရက်စာ မျက်နှာ၌ ပြန်လည်မျှဝေပေးထားပါသေးတယ်။




သရုပ်ဆောင် အလှမယ်နန်းခင်ဇေယျာဟာ Miss International 2012 အလှမယ်တစ်ဦးအဖြစ် ပရိသတ် အားပေးသိရှိသည့် အချိန်မှစတင်၍ လက်ရှိအချိန်အထိ လိုအပ်သည့်နေရာ များတွင် အလှူအတန်းများ၊ ပရဟိတ အလုပ်များကို လုပ်ဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။
- Mg Kaung