သရုပ်ဆောင် ဘုန်းလျှံဟာ အခြားအနုပညာရှင်နှစ်ဦးဖြစ်တဲ့ သရုပ်ဆောင် ရိုတ၊ အဆိုတော်ထက်ထက်ဆုလှိုင် အပါအဝင် စေတနာရှင်များနဲ့အတူပူးပေါင်းကာ ရန်ကုန်တိုင်းဒေသကြီး လှည်းကူး မြို့နယ်နှုတ်ခမ်းမွှေးသိုက်ကျေးရွာ အောက်ကလိ(အနောက်)ကျေးရွာအုပ်စု ရခိုင်စစ်ဘေးရှောင်စခန်းရှိ ပြည်သူများအား ဩဂုတ် ၉ ရက် နံနက် ၁၀ နာရီက ဆန်၊ ဆီ၊ ရိက္ခာနှင့် အဝတ်အထည်အသုံးဆောင်များ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရပါတယ်။



” မိတ်ဆွေတွေဝန်းရံပေးကြလို့ ကျွန်တော့်အနေနဲ့စစ်ဘေးရှောင်မှမဟုတ်ပါဘူး။ လိုအပ်နေတယ်ဆိုတဲ့နေရာတွေမှာ ကိုယ်တတ်နိုင်လောက်လှူပေးတယ်။ ဒီနေရာကိုပြီးခဲ့တဲ့တစ်လလောက်ကလာကြည့်တယ်။ လာကြည့်ပြီး လိုအပ်တာလေးတွေကိုလေ့လာတယ် ၉ သငယ်ချင်းအပေါင်းအသင်းတွေ၊ မိတ်ဆွေတွေဝန်းရံပေးကြလို့ဒီအလှူလေးလုပ်ဖြစ်တာပါ။ ကိုယ်တိုင်ကအရမ်းကြီးချမ်းသာလို့တော့မဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုယ်ရပ်တည်နိုင်အောင်မနည်းကြိုးစားနေရတဲ့အနေအထားပါ။ အဲဒီတော့ ကိုယ့်အတွက် ဝန်းရံပေးကြတဲ့အပေါ်မှာ အရမ်းကျေးဇူးတင်ပါတယ်” လို့ သရုပ်ဆောင် ဘုန်းလျှံကဆိုပါတယ်။


အဆိုပါလှူဒါန်းမှုတွင် အိမ်ထောင်စု၅၁စုအတွက်ဆန်၊ ဆီ၊ ကြက်သွန်၊ ပဲ၊ ငါးသေတ္တာ၊ အဝတ်အ၀ထတ်အထည် ၊ အိုးခွက်ပန်းကန် ဇွန်းနဲ့ အိမ်သုံးဆေးဝါးများကို လှူဒါန်းခဲ့ခြင်းဖြစ်ပြီး စစ်ဘေးရှောင်စခန်းတွင် ရောက်ရှိနေ အောင်မြင်ခဲ့သူကျောင်းသူနှစ်ဦးအတွက်လည်း ထောက်ပံ့ကြေးငွေများပေးအပ်လှူဒါန်းခဲ့ကြောင်းလည်းသိရပါတယ်။
- Mg Kaung