တက္ကသိုလ်ဝင်တန်းကို ဂုဏ်ထူးနဲ့အောင်မြင်တဲ့သားဖြစ်သူကြောင့် ပီတိဖြစ်နေတဲ့ လူရွှင်တော်ဝိုင်းချစ်

လူရွှင်တော် ဝိုင်းချစ်ရဲ့သား မောင်လင်းပြည့်ဖြိုးကတော့ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဂုဏ်ထူး (၁)ဘာသာအဖြစ် ဇီဝဗေဒဘာသာရပ် နဲ့ ထူးထူးချွန်ချွန် အောင်မြင်ခဲ့ပါတယ်။ ပညာရေးမှာ ထူးချွန်တဲ့ သားလေးအတွက် ဝိုင်းချစ် ရင်ထဲက ပီတိစကားတွေကိုပြောပြလာပါတယ်။ “ သားလေးက (၁၀) တန်းကို ဂုဏ်ထူးနဲ့အောင်တာ ဆိုတော့ ဝမ်းသာတာပေါ့ဗျာ။ ကျွန်တော့် တုန်းကဆိုရင် (၈) တန်းလောက်အထိပဲ ကျောင်းတက်ခဲ့တာ။ မိဘတွေကတော့ ကျောင်းဆက်ထားပါတယ်။

ကိုယ်က အနုပညာအလုပ်ကို ဝါသနာအရမ်းပါတယ်။ ဇာတ်ထဲလည်း လိုက်ချင်လွန်းတော့ (၈) တန်းကလည်း (၃) ခါကျတယ်ဆိုတော့ ဇာတ်ထဲပဲ လိုက်သွားတာ ။ ကိုယ့်တုန်းက ပညာရေးကို ဆုံးခန်းမတိုင်ခဲ့ပေမယ့် ကိုယ့်သား အလှည့်ကျမှ ပညာရေးကို ထူးထူးချွန်ချွန် နဲ့ အောင်တာ ဆိုတော့ ဝမ်းသာတာပေါ့ဗျာ” လို့ဆိုပါတယ်။ဝိုင်းချစ်ကတော့ ပညာရေးမှာ ထူးချွန်တဲ့ သားလေးအတွက် ဖခင်တစ်ယောက်ရင်ထဲက ဖြစ်စေချင်တဲ့ ဆန္ဒတွေကို ပြောပြလာပါတယ်။ အစစအရာရာ လိုလေသေးမရှိအောင် ပံ့ပိုးပေးသွားမယ်လို့လည်း သူက ဆိုပါတယ်။

“ သူ့ကို ဖြစ်စေချင်တာတော့ ပညာတတ်ကြီးပဲ ဖြစ်စေချင်တယ်။ သူ့ အမှတ်ကို ကြည့်ပြီးတော့ တက်ရမယ့် ဘာသာရပ်၊ သင်ရမယ့် ပညာတွေကို ကြည့်ပြီးတော့ ဘာမှလိုလေသေးမရှိအောင် အနောက်ကနေပြီးတော့ ပံ့ပိုး ဖြည့်ဆည်းပေးသွားမှာပါ။ ပညာတတ်မှ သက်သက်သာသာနေထိုင်ရမှာလေ။ အဲဒီအတွက် ဖြည့်ဆည်းပေးသွားချင်တယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။

  • Mg Kaung

Leave a Reply

Your email address will not be published.