အမေနဲ့အပြိုင် ပို့စ်ပေးတတ်နေပြီးဖြစ်တဲ့ သားငယ်လေးသဲကိုး

ချစ်စရာကောင်းပြီး သာယာကြည်နူးဖွယ်မိသားစုလေးဖြစ်တဲ့ အောင်သူနဲ့ပိုးအိအိခန့်တို့ နှစ်ဦးလုံးဟာ ပရိသတ်တွေအားကျရတဲ့ ချစ်စရာကောင်းတဲ့စုံတွဲလေးဖြစ်ပြီး အောင်မြင်မှုကိုယ်စီရရှိထားကြတဲ့သူတွေဖြစ်ပါတယ်။ အခုလက်ရှိမှာဆိုရင်လည်း အောင်သူနဲ့ပိုးအိတို့ဇနီးမောင်နှံဟာ ချစ်စရာကောင်းတဲ့ သားငယ်လေးသဲကိုးကိုပါ ရရှိပိုင်ဆိုင်နေပြီဖြစ်ပါတယ်။

သဲကိုးလေးဟာ အခုဆိုရင်အသက်တစ်နှစ်ပြည့်သွားပါပြီး။ ပါးဖောင်းဖောင်းလေးနဲ့ချစ်စရာကောင်းနေတာကြောင့် အဖေချစ်အမေချစ်လေးပါနော်။သားလေးအပေါ် အရမ်းဂရုစိုက်တတ်တဲ့ မိခင်တစ်ယောက်လည်းဖြစ်တာကြောင့် လက်ရှိမှာအနုပညာလှုပ်ရှားမှုတွေကို ခဏရပ်နားထားတာဖြစ်ပါတယ်။ အနုပညာအလုပ်တွေရပ်နားထားပေမယ့်လည်း ပရိသတ်တွေက သားလေးသဲကိုးကို အချစ်တွေပိုနေကြရပါတယ်။

ပိုးအိအိခန့်ဟာ မကြာခဏဆိုသလိုသူမရဲ့ Facebook စာမျက်နှာမှာ သားငယ်လေးသဲကိုးရဲ့ပုံလေးတွေကို တင်ပေးလေ့ရှိပါတယ်။ မကြာသေးမီကလည်း သူမရဲ့ Facebookစာမျက်နှာမှာ”မင်္ဂလာပါဗျာ သားသား အွန်လိုင်းပေါ်မရောက်တာတောင်ကြာပြီ မေမေ့မျက်နှာကို သည်းခံကြည့်ကြပါ” ဆိုတဲ့ caption လေးနဲ့သားအမိနှစ်ယောက်ရဲ့ချစ်စရာပုံလေးတွေကို တင်ပေးလာပါတယ်။
Celepedia ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source-Poe Ei Ei Khant’s Facebook acc

Leave a Reply

Your email address will not be published.