မင်းသမီးချောလေး ရွှေသမီးကတော့ ရရှိတဲ့ အနုပညာငွေကြေးလေးနဲ့ အလှူလေးတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ ဗီဒီယိုဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ရင်း အနုပညာလောကထဲကို စတင်ဝင်ရောက်လာတဲ့ ရွှေသမီးက ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် အချိန်ခဏလေးအတွင်းမှာ ပရိသတ်ရင်ထဲ နေရာတစ်ခုကို အခိုင်အမာရရှိခဲ့တဲ့ သူလည်းဖြစ်ပါတယ်။



ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း ဝါရင့် သရုပ်ဆောင်များနဲ့အတူ တွဲဖက်ပြီး သရုပ်ဆောင်နေတဲ့ ရွှေသမီးက ကြော်ငြာတွေကိုလည်း ဆက်တိုက်ရိုက်ကူးနေတာကို တွေ့ရပါတယ်။ သွယ်လျလှပတဲ့ ကိုယ်ခန္ဓာလေးနဲ့ ချစ်စရာကောင်းတဲ့ မျက်နှာလေးကြောင့် မင်းသမီးချောလေး ရွှေသမီးက ပုရိသ ပရိသတ်တွေရဲ့ အားပေးဝန်းရံခြင်းကိုလည်း အပြည့်အဝရရှိထားတာပါနော်။ ရုပ်ရည်လေးကလည်း လှပသလို စိတ်ထားလေးကလည်း မွန်မြတ်ဖြူစင်လွန်းတာကြောင့် အများက အချစ်ပိုနေတာကိုလည်း တွေ့ရပါတယ်။




အမှန်တကယ်လိုအပ်နေတဲ့ ဇမ္ဗုဥသျှောင်သီလရှင် ဆရာလေးကျောင်းအတွက် ၈.၈.၂၀၂၀( စနေနေ့ ) က နေ့ဆွမ်းသွားရောက် လှူဒါန်းခဲ့တာပါ။ ရွှေသမီးအလှူပြုနေတဲ့ ပုံရိပ်လေးတွေကို Celepedia ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source – ရွှေသမီး – Shwe Tha Mee’s facebook Page